၀မ်းဗိုက်ချပ်ချပ်လေးဖြစ်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါတယ်။ ညစာကို မနက် ၇ နာရီမထိုးခင်စားပေးပါ။

၁။ အိပ်ယာမဝင်ခင် ၈ မိနစ်လောက် လေ့ကျင့်ခန်းလုပ်မယ်

အိပ်ယာမဝင်ခင်မှာ ဝမ်းဗိုက်ချပ်စေတဲ့ လေ့ကျင့်ခန်းကို ၈ မိနစ်လောက်လုပ်ပေးပါ။ ထိုင်ထလုပ်ပေးတာ၊ အိပ်ထမတင်လုပ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

၂။ ရေအေးအေးနဲ့ ရေချိုးမယ်

အိပ်ယာမဝင်ခင်မှာ သွေးလည်ပတ်မှုကောင်းမွန်စေရုံသာမက ဝမ်းဗိုက်ချပ်စေဖို့အတွက်လည်း ရေအေးအေးနဲ့ ရေချိုးပေးသင့်ပါတယ်။ ဒီလိုရေချိုးပေးတာဟာ ကယ်လိုရီကို လောင်ကျွန်စေပါတယ်။ ရေအေးအေး (သို့) ရေနည်းနည်းနွေးတာနဲ့ ချိုးပေးပါ။

၃။ မနက်စာကောင်းကောင်းစားပါ။

တစ်နေ့တာလုံးအတွက် လုံလောက်တဲ့ အာဟာရအပြည့်ရဖို့ မနက်စာကနေပဲရယူလိုက်ပါ။ မနက်စာမှာ အနီရောင်အစင်းရှိအသီးတွေ၊ အခွံမာသီးတွေ၊ ကွေကာအုတ်တွေ၊ ချောကလက်အမည်း စတာတွေစားပေးနိုင်ပါတယ်။

၄။ အသီးဖျော်ရည်တွေ သောက်မယ်။

အသီးကိုကျိတ်ပြီးဖျော်ထားတဲ့ ဖျော်ရည်ပျစ်ပျစ်ကိုသောက်ပေးပါ။ အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် ဖျော်သောက်ပေးတာ ပိုကောင်းပါတယ်။

၅။ ညစာမစားဘဲမနေပါနဲ့။

ညစာကို ၇ နာရီမထိုးခင်စားပေးပါ။ အဆီနည်းနည်း အရွက်များများစားပါ။ ထမင်းနည်းနည်းလျှော့စားပါ။ ညစာစားပေးလို့ လူကိုဝစေတဲ့ဆိုတဲ့ အတွေးကို ဖယ်ထုတ်လိုက်ပါ။ ညစာဟာ တစေ်န့တာလုံးရဲ့ နောက်ဆုံးစားရမယ့်အစားအစာဖြစ်ပါတယ်။ ကြက်ရင်အုတ်သားကို သံပုယိုရည်ညှစ်ပြီးစားပေးတာ၊ ဒိန်ချဉ်သောက်ပေးတာမျိုးလုပ်ပါ။ ဒါမှမဟုတ် အသီးအရွက်သုတ်ပြီးလည်းစားပေးနိုင်ပါတယ်။