မိတ်ကပ်အများကြီးလိမ်းပြီး ပြင်ရတာကို မကြိုက်တဲ့သူတွေအတွက် ရိုးရိုးလေးနဲ့ ချစ်စရာကောင်းနေစေမယ့် မိတ်ကပ်ပြင်ဆင်ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်။ ကိုရီးယားမလေးတွေပြင်သလို ပါးပါးလေးနဲ့ နည်းနည်းလေးပြင်ပြထားတာဖြစ်လို့ မိန်းကလေးတိုင်း သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

ပထမဆုံးအနေနဲ့ မျက်ခုံးမွှေးကို အရင်ဆွဲပါ။ မျက်ခုံးဆွဲထားတာပိုပေါ်သွားအောင် မျက်ခုံးပတ်ပတ်လည်မှာ ပုံမှာပြထားတဲ့အတိုင်း Concealer နဲ့ ခြယ်ပေးပါ။

ရွှေရောင်ကိုမှာ လိမ္မော်ရောင်ဘက်သွားတဲ့ Eyeshadow ကိုယူပြီး မျက်လုံးမှာခြယ်ပေးပါ။ အညိုရောင်ဘက်သွားတဲ့ Eyeshadow ကိုနည်းနည်းယူပြီး မျက်လုံးထောင့်နားမှာ ခြယ်ပေးပါ။

မျက်လုံးအောက်က မျက်ကွင်းညိုနေတဲ့နေရာတွေမှာ Concealer ကိုသုံးပေးပါ။ ခုနကခြယ်ထားတဲ့ လိမ္မော်ရောင်ဘက်သွားတဲ့ Eyeshadow ကိုယူပြီး မျက်လုံးအောက်မှာ ခြယ်ပေးပါ။

Eyeliner ကိုတော့ ခဲတံ Eyeliner ကိုသုံးပြီး မျက်လုံးနက်သွားရုံလောက်ပဲ ပါးပါးမျှင်မျှင်လေးဆွဲပေးပါ။ Mascara နဲ့ မျက်တောင်ကို အပေါ်၊ အောက်ကော့ပေးပါ။ မျက်လုံးအောက်နဲ့ ထောင့်နားလေးမှာ Eyeshadow အဖြူရောင်ကို ခြယ်ပေးပါ။

အားလုံးပြင်ပြီးသွားတဲ့အခါမှာတော့ မိတ်ကပ်လိမ်းပေးပါ။ ပုံမှာပြထားတဲ့နေရာလေးတွေမှာ Highlighter တွေတင်ပြီး Brush နဲ့ပွတ်ပေးပါ။ ပေါင်ဒါကို Brush နဲ့ယူပြီး လိမ်းပေးပါ။

နှာတံနဲ့ မေးရိုးဖော်ဖို့ အညိုနုဘက်သွားတဲ့ Palette ကိုသုံးပြီး ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ ပြီးရင်တော့ Highlighter ကို ထပ်သုံးပေးနိုင်ပါတယ်။ ပန်းရောင်ဘက်သွားတဲ့ ပါးနီနဲ့ ပါးပြင်ကိုခြယ်ပေးပါ။

နောက်ဆုံးမှာတော့ နှုတ်ခမ်းနီကို ပန်းရောင်ဘက်သွားတာလေး ဆိုးပေးပါ။ Lip Cream (သို့) Lip Tint ပန်းစည်ရောင်လေးကို ထပ်ဆိုးပေးပါ။

ဒါဆိုရင်တော့ ရိုးရိုးလေးနဲ့ ကိုရီးယားမလေးလို ချစ်စရာကောင်းတဲ့ မိတ်ကပ်ပြင်ဆင်ပုံလေး ပြီးဆုံးသွားပါပြီ။

Photo Source: www.deviennamakeup.com