သင့်မှာချစ်သူရှိတယ်။ သင်တို့နှစ်ယောက်တစ်ယောက်ကိုယ်တစ်ယောက်ချစ်ကြတယ်ဆိုရင် နောက်ဆုံးမှာတော့ တစ်ဘဝလုံး အတူတူ ရှိချင်လာတာ သဘာဝပါပဲ။ လက်ထပ်ခြင်းဆိုတာ ထင်သလောက်မလွယ်ကူလှပါဘူး။

ဘဝနှစ်ခုပေါင်းစပ်ခြင်းထက် ပိုပြီးလေးနက်ပါတယ်။ သင့်ချစ်သူဟာ သင့်အတွက် စစ်မှန်တဲ့ လက်တွဲဖော်တစ်ယောက်ဖြစ်တယ်ဆိုတာ သိနိုင်မယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အခက်ခဲတွေအားလုံးကို အတူတူ ရင်ဆိုင်ဖြတ်ကျော်ကြတယ်။

သင်တို့နှစ်ယောက်ဟာ ဘဝမှာ ကြုံတွေ့လာရတဲ့ အခက်ခဲအားလုံးကို အတူတူ ရင်ဆိုင်ဖြတ်ကျော်ကြတယ်ဆိုရင် စစ်မှန်တဲ့ ဘဝလက်တွဲဖော်တွေပါပဲ။ ဘယ်လိုစိန်ခေါ်မှုတွေပဲရှိလာရှိလာ။ တစ်ယောက်ရှေ့ကနေ တစ်ယောက် မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ချစ်သူမျိုးရထားရင် သင်သိပ်ကိုကံကောင်းပါတယ်။

၂။ တစ်ယောက်ရဲ့ စိတ်ကိုတစ်ယောက်ဖတ်နိုင်တယ်။

သင့်ချစ်သူ ဘယ်လိုခံစားနေရတယ်။ ဘာဖြစ်တယ်ဆိုတာကို သူ့မျက်နှာတစ်ချက်ကြည့်လိုက်တာနဲ့ သင်သိတယ်။ သူခံစားနေရတာကို သင်ခံစားလို့ရတယ်ဆိုရင် သူဟာ သင့်အတွက်ဘဝလက်တွဲဖော်စစ်ပါပဲ။

၃။ အရင်ကတည်းကခုထိ ဘာမှမပြောင်းလဲဘူး။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာပေမယ့် ချစ်သူပေါ်ထားတဲ့ ခံစားချက်တွေက နုပျိုနေဆဲ ဘာမှမပြောင်းမလဲဘဲ ရှိနေတယ်ဆိုရင် သူဟာ သင့်အတွက် စစ်မှန်တဲ့လက်တွဲဖော်တစ်ယောက်ပါပဲ။

၄။ သူနဲ့ ပတ်သတ်လို့ အိပ်မက်တွေစိတ်ကူးတွေရှိလာတယ်။

ချစ်သူနဲ့ပတ်သတ်ပြီး ဘယ်အချိန်ကျရင် ဘယ်လိုတွေစီစဉ်မယ်။ သူနဲ့ ဘယ်လိုပုံမျိုးလေး နေထိုင်သွားမယ်။ စတဲ့ သူနဲ့ပတ်သတ်လို့ စိတ်ကူးယဉ်အိပ်မက်တွေရှိလာတယ်ဆိုရင် သူဟာသင့်ရဲ့ စစ်မှန်တဲ့ လက်တွဲဖော်တစ်ယောက်ပါပဲ။

၅။ တစ်ယောက်ကိုယ်တစ်ယောက် ယုံကြည်မှုအပြည့်ရှိတယ်။

သင်တို့နှစ်ယောက်ကြားမှာ ဘာတွေပဲကြုံတွေ့လာကြုံတွေ့လာ တခြားသူက ဘယ်လိုပဲ လာပြီးမြူစွယ်မြူစွယ် သင့်စိတ်ကမပြောင်းလဲဘူး။ သူလည်း ထပ်တူရှိနေမယ်လို့ အပြန်အလှန်ယုံကြည်မှုအပြည့်ရှိတယ်။ ချစ်သူအတွက် စွန့်စားရဲတဲ့ သတ္တိတွေအပြည့်ရှိရင် သူဟာသင့်အတွက်စစ်မှန်တဲ့လက်တွဲဖော်ပါပဲ။

၆။ သူကိုယ့်ကိုလုပ်ပေးတာထက် ကိုယ်ကပိုကောင်းအောင်လုပ်ပေးချင်မိတယ်။

သူကိုယ့်ကို ဂရုစိုက်တာထက် ကိုယ်ကပိုပြီး ဂရုစိုက်ချင်မိတယ်။ သူကိုယ့်အပေါ်လုပ်ပေးတာထက် ကိုယ်ကသူ့အပေါ် ပိုကောင်းအောင်လုပ်ပေးချင်မိ ဂရုစိုက်ပေးချင်မိတယ်။ သူ့ကိုကာကွယ်ပေးချင်တယ်။ သူ့ကိုစိတ်ပူတယ်ဆိုရင် သင်တို့နှစ်ယောက်ရဲ့အချစ်တွေဟာ ခိုင်မြဲပြီး စစ်မှန်တဲ့ချစ်ခြင်းပါပဲ။