လူတိုင်းကတော့ အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့အတွက်ကြိုးစားနေကြတာပဲလေ။ အောင်မြင်ဖို့ဆိုတာကလည်း ဇွဲ၊ လုံ့လ၊ ဝီရိယတို့ပေါင်းစပ်တော့မှသာ အဆင်ပြေပြေနဲ့ရရှိမှာပေါ့။ ဒါတွေအပြင် အောင်မြင်မှုလမ်းကြောင်းပေါ်ကို ကောင်းကောင်းရောက်သွားနိုင်မယ့်သူတွေမှာ တွေ့ရတတ်တဲ့စရိုက်လက္ခဏာတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။

အောင်မြင်ဖို့အလားအလာရှိနေတဲ့သူတွေ တော်တော်များများက သူတို့ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာမျိုးကို ကြိုစဉ်းစားထားပြီးသားဖြစ်ပါတယ်။ ဘယ်လိုအလုပ်မျိုးကိုလုပ်ချင်တယ်၊ အဲဒီအလုပ်က ပိုစိတ်ဝင်စားစရာကောင်းပြီး စိတ်ကိုလည်းပျော်ရွှင်စေမယ်ဆိုတာကို နားလည်သိရှိထားမယ်ဆိုရင် ဒါကအောင်မြင်မှုကိုရှာတွေ့နိုင်မယ့် လမ်းစလို့ဆိုလို့ရပါတယ်နော်။

ကောင်းမွန်တဲ့ရလဒ်မျိုးတွေကို ပိုင်ဆိုင်ရမယ်လို့ ယုံကြည်မှုရှိတယ်။ အောင်မြင်မှုဆိုတဲ့လမ်းကြောင်းမှာ အနှောက်အယှက်တွေအပျက်အစီးတွေဆိုတာတော့ ရှိတာပဲလေ။ ဒါတွေကို ကျော်လွှားပြီး ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ရနိုင်မယ်ဆိုတဲ့ စိတ်မျိုးကိုထားနိုင်မယ်ဆိုရင် အောင်မြင်မှုတွေကိုလည်း ပိုင်ဆိုင်ရနိုင်မှာပဲဖြစ်ပါတယ်။

အစီအစဉ်တွေဆိုတာကိုလည်း တစ်ခါထဲတွေးထားပြီးသားဖြစ်နေမယ်။ အသက်ဘယ်အရွယ်မှာ ဘာလိုအနေအထားမျိုးကို ပိုင်ဆိုင်နေရမယ်ဆိုတဲ့ ရည်မှန်းချက်တွေလည်းရှိထားပြီးသားပါ။ ငွေကြေးဆိုရင်လည်း ရတာတွေအကုန်လုံးကို သုံးမပစ်ပဲစုသင့်သလောက်ကိုစုပြီး ရှေ့ရေးအတွက်မျှော်မှန်းတတ်တဲ့သူတွေဆိုရင်လည်း အောင်မြင်နိုင်မယ့်သူတွေလို့ သတ်မှတ်ထားလို့ရပါတယ်နော်။

ကိုယ့်ကိုအထင်သေးနေတဲ့သူတွေရဲ့ စကားလုံးတွေအောက်မှာ ကျရှုံးမသွားပဲ လုပ်နိုင်တယ်ဆိုတာမျိုးကိုပဲ ခေါင်းထဲမှာထည့်ထားပြီး ကြိုးစားသွားချင်တဲ့စိတ်မျိုးရှိတဲ့သူတွေကလည်း အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်သွားနိုင်တဲ့သူတွေပဲဖြစ်ပါတယ်။

ကျရှုံးမှာတွေကိုလည်း ကြောက်ရွံ့မနေပဲ ရှေ့ဆက်တိုးဖို့ကိုပဲ စိတ်အားထက်သန်နေတဲ့သူတွေကလည်း အောင်မြင်နိုင်ဖို့ အလားအလာရှိပါတယ်။ ကိုယ်သွားချင်တဲ့ရည်မှန်းချက်တစ်ခုကို မရောက်မချင်း ဇွဲမလျော့ပဲကြိုးစားတတ်တဲ့သူမျိုးဆိုရင်တော့ အချိန်တန်ရင် အောင်မြင်မှုဆိုတာနဲ့ တွေ့ကြုံလာရမှာပဲဖြစ်ပါတယ်။

Photo Source: Unsplash