ကိုယ်ကြိုက်တဲ့ အဝတ်အစားကို ကိုယ်နှစ်သက်သလို ဝတ်ဆင်နိုင်တယ်ဆိုပေမယ့် သင့်ရဲ့ ဝတ်စားဆင်ယင်ပုံက သင့်ရဲ့ပုံရိပ်ကို ကိုယ်စားပြုနေတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ တစ်ချို့အဝတ်အစားတွေဆိုရင် ဈေးကြီးပေးဝယ်ရပေမယ့် ဈေးပေါတဲ့ပုံပေါက်တာကြောင့် မဝယ်သင့်တဲ့ အဝတ်အစားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဒိတ်အောက်သွားပြီဖြစ်တဲ့ ဖက်ရှင်တွေကို ရှောင်ကြဉ်နိုင်ဖို့အတွက် အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ကတ္တီပါ ဝမ်းဆက် အင်္ကျီ ဘောင်းဘီ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ

ကတ္တီပါ ဝမ်းဆက် Jumpsuit တွေက ၂၀၀၀ ပြည့်နှစ်တွေတုန်းကတော့ ခေတ်စားခဲ့ပါတယ်။ တကယ်တော့ ထိုဝမ်းဆက်က အိမ်နေရင်း အိမ်မှာ လွတ်လွတ်လပ်လပ်ဝတ်ဖို့နဲ့ ညအိပ်ဝတ်ဖို့အတွက် ရည်ရွယ်ပြီး ဒီဇိုင်နာတွေက ထုတ်လုပ်ထားခဲ့တာပါ။ ထိုဝမ်းဆက်အစား ဂျင်း Jumpsuit တွေ၊ ဒါမှမဟုတ် စတိုင်ဘောင်းဘီကဲ့သို့ Pants ကို ကုတ်အင်္ကျီလေးနဲ့ တွဲဖက်ဝတ်ဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ စမတ်ကျနေမှာပါ။

Sneakers တွေ ရွေးချယ်ဝတ်ဆင်တဲ့အခါ

Sneakers တွေ ဝတ်ဆင်မယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးနဲ့ အမြင်လှတဲ့ ဖိနပ်မျိုးကိုပဲ ရွေးချယ်ပေးလိုက်ပါ။

ဒေါက်မြင့်ဖိနပ်တွေ ဝတ်တဲ့အခါ

အရှေ့မှာ ပလက်ဖောင်းပုံစံ ထုတ်လုပ်ထားတဲ့ ပလက်ဖောင်း ဒေါက်ဖိနပ်တွေကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။

စကပ်အရှည်တွေ ဝတ်တဲ့အခါ

စကပ်တစ်ထပ်အောက်မှာ ခံထားပြီး အပေါ်မှာ အပါးစ ပြန်ချုပ်ထားတဲ့ ဖောက်ထွင်းမြင်ရတဲ့ စကပ်တွေရဲ့ ခေတ်ကလည်း ကုန်သွားပါပြီ။ အဲ့ဒီအစား ဒူးဖုံးစကပ်လေးတွေသာ ဝတ်ဆင်ပေးလိုက်ပါ။

ခါးလျှော ဘောင်းဘီများ

ခါးလျှော ဂျင်းဘောင်းဘီတွေက သင့်ခါးကို ပိုရှည်တဲ့ ပုံပေါ်စေတဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ် အချိုးအစားပျက်ယွင်းသွားပါလိမ့်မယ်။ ဘောင်းဘီကို ချက်အပေါ်ပိုင်းအထိ တက်ဝတ်တဲ့အခါ သင့်ခြေတံလေးတွေလည်း ပိုရှည်တဲ့ပုံပေါ်တဲ့အပြင် သင့်တင်ပါးလေးလည်း ပိုကိတ်တဲ့ပုံပေါက်ပါတယ်။

ပါးလျတဲ့ အင်္ကျီဝတ်ဆင်ခြင်း

ဖက်ရှင်ပိုင်းဆိုင်ရာအရရော၊ မြန်မာ့ယဉ်ကျေးမှုအရပါ မဝတ်ဆင်သင့်တဲ့ အဝတ်အစားပဲဖြစ်ပါတယ်။

ဆွယ်တာဝတ်တဲ့အခါ

ရာသီဥတုအေးတဲ့အခါ ဆွယ်တာဝတ်မယ်ဆိုရင် ခေါင်းစွပ်ဆွယ်တာလေးတွေကို ဝတ်ဆင်လိုက်ပါ။ ကြယ်သီးအပြည့်ပါတဲ့ ဆွယ်တာလေးတွေက သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေမှာ အမှန်ပါပဲ။

Source: Brightside.me