ထူးခြားဆန်းသစ်တဲ့ ဖက်ရှင်တွေ နဲ့ ပွဲတက်လေ့ရှိတဲ့ ရွှေမှုန်ရတီကတော့ ၂၀၁၈ ခုနှစ် ရဲ့ အကယ်ဒမီ ပေးပွဲမှာလည်း အဖြူရောင် ဝတ်စုံနဲ့ တက်ရောက်လာခဲ့ပါတယ်။ ရွှေမှုန့်ရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်ကိုတော့ Designer Kaung Myat Haute Couture ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပါတယ်။

ရွှေမှုန့်ရဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမီ ဖက်ရှင်ကတော့ အရင်နှစ်တွေနဲ့မတူဘဲ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ပထမဆုံး ထူးခြားချက်တစ်ခုကတော့ ဒီအကယ်ဒမီပွဲအတွက် Huawei မှ ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းပါဝင်ပံ့ပိုးပေးခြင်းပါ။ နောက်ပြီး ဝတ်ဆင်ခဲ့တဲ့ အဝတ်အစား ၊ ဖိနပ်၊ လက်ဝတ်ရတနာ ကအစ ပြင်ဆင်ခဲ့တဲ့ မိတ်ကပ်တွေ အထိ အဓိပ္ပါယ်ကိုယ်စီကို ဖော်ဆောင်နေခဲ့ပါတယ်။ ငယ်ရွယ်အောင်မြင်နေတဲ့ အချိန်မှာ အဖြူစင်ဆုံးအချစ်နဲ့ ချစ်ရသူကို ရဲရဲရင့်ရင့်လက်တွဲခဲ့ပြီး  ဘဝကို ယုံကြည်မှုရှိရှိ ရှေ့ဆက်လျှောက်နေတဲ့ သူမရဲ့သွင်ပြင်ကို ကိုယ်စားပြုဖို့ ဖြူစင်ခြင်းကို ကိုယ်စားပြုတဲ့ အဖြူရောင် ဝတ်စုံ နဲ့ ရဲရင့်ပြတ်သားခြင်းကို ကိုယ်စားပြုတဲ့ ပတ္တမြား လက်ဝတ်ရတနာကို တွဲဖက် ဆင်မြန်းလာခဲ့ပါတယ်။ ရဲရင့်တက်ကြွတဲ့ ခြေလှမ်းအစုံအတွက်တော့ အနီရဲရဲ ဖိနပ်လေးကို ယုံကြည်မှုအပြည့်နဲ့ ဝတ်ဆင်လာခဲ့ပါသေးတယ်။

ယခုနှစ်အတွက် နောက်ထပ်ထူးခြားတဲ့ အချက်ကတော့ ရွှေမှုန့်ရဲ့ မိတ်ကပ်အပြင်အဆင်ကို ထိုင်းနိုင်ငံမှ မိတ်ကပ်ပညာရှင်များဖြစ်တဲ့  Andi Soon နှင့်  JackLyn တို့မှ တာဝန်ယူ ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ မိတ်ကပ်ကို ကာလာတွေအရမ်းမသုံးထားဘဲ သဘာဝဆန်တဲ့ဘက်ကို သွားထားပြီးတော့ ဆံပင်ကိုတော့ ဗမာဆန်ဆန် ကျက်သရေရှိပြီး တည်ငြိမ်လှပတဲ့ ဆံထုံးပုံစံမျိုး ထုံးထားခဲ့တာပါ။

အခုလို ပြင်ဆင်မှုများ နှင့် ပတ်သတ်ပြီး ရွှေမှုန်ရတီက “ ဒီနေ့ပွဲမှာ ပြင်ဆင်လာတဲ့ သဲ ရဲ့ အပြင်အဆင်တွေအားလုံးက သဲ ရဲ့လက်ရှိ အခြေအနေ ၊ စိတ်ခံစားချက်ကို ကိုယ်စားပြုပြီး ပြင်ဆင်လာခဲ့တာပါ။ သဲ တစ်ကိုယ်လုံးမှာ ပြင်ဆင်လာတဲ့ အပြင်အဆင် တစ်ခုချင်းစီမှာ အနက်အဓိပ္ပါယ်တစ်ခုချင်းစီ ရှိနေတယ်။ သဲရဲ့ Personality ကို ကိုယ်စားပြုတဲ့ အဖြူရောင်၊ သဲရဲ့ ယုံကြည်ရဲရင့်မှုတွေကို ကိုယ်စားပြုတဲ့ အနီရောင် စသဖြင့်ပေါ့။ နောက်ပြီး သဲက Huawei Brand ကို ကိုယ်စားပြုတဲ့ သူတစ်ဦးလည်း ဖြစ်တာကြောင့် ဒီနေ့အပြင်အဆင်က ထွက်ရှိလာမယ့် Huawei P Series အသစ်ရဲ့ ပုံရိပ်ကိုလည်ကိုယ်စားပြုနေပါသေးတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က ရွှေမှုန်ရတီအတွက် ထူးခြားတဲ့နှစ်တနှစ်လဲ ဖြစ်သလို  ပွဲတက်ဖက်ရှင်ဟာဆိုရင်လည်း အရင်နှစ်တွေကထက် ပိုပြီးတည်ငြိမ် ရင့်ကျက်တဲ့အသွင်ကို ဆောင်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။