မိန်းကလေးတွေဟာ အချစ်ရေးကြောင့်ပဲဖြစ်ဖြစ်၊ တခြားစိတ်ညစ်စရာတွေရှိရင်ပဲဖြစ်ဖြစ်၊ အဓိကကတော့ ချစ်သူနဲ့ပြတ်သွားတဲ့အခါမျိုးမှာဆိုရင် သူတို့ရဲ့ဆံပင်ကို ညှပ်ပစ်တတ်ပါတယ်။ ဒီလိုချစ်သူနဲ့ပြတ်သွားတဲ့အခါမှာ ဆံပင်ညှပ်မယ်ဆိုရင်လည်း ခပ်မိုက်မိုက်ပုံလေးတွေ၊ အရင်နဲ့လုံးဝကွဲထွက်သွားတဲ့ပုံလေးတွေကို ညှပ်သင့်ပါတယ်။ အရင်ထက်ပိုမိုက်ပြီး ပိုလှသွားအောင်၊ စိတ်သစ်လူသစ်နဲ့နေမှဖြစ်မှာလေ။

မိန်းကလေးတော်တော်များများက ဆံပင်အတိုညှပ်ပြီဆိုရင် ဂုတ်ဝဲလေးတွေညှပ်ပြီး အရောင်ဆိုးလေ့ရှိပါတယ်။ ဒီဆံပင်စတိုင်လ်လေးတွေကတော့ မိန်းကလေးတော်တော်များများနဲ့လည်း လိုက်ဖက်တော့ ညှပ်သင့်တဲ့ဆံပင်စတိုင်လ်လေးလို့ ပြောရမှာပါ။

ဆံပင်ကိုဂုတ်ဝဲလေးညှပ်ပြီး အနက်ရောင်လေးပဲထားတာကလည်း ဆွဲဆောင်မှုရှိစေပါတယ်။ ဆံပင်ထူတဲ့သူတွေအနေနဲ့ကတော့ ဒီဆံပင်စတိုင်လ်လေးညှပ်သင့်ပါတယ်။ ဆံပင်ပါးတဲ့သူတွေဆိုရင်တော့ ဒီဆံပင်ပုံလေးညှပ်ရင် ခဏခဏပုံသွင်းနေရမှာဖြစ်တဲ့အတွက် အဆင်မပြေပါဘူး။

ဆံပင်ကိုအရမ်းတိုသွားအောင်မညှပ်ချင်တဲ့သူတွေကတော့ ဆံပင်ကိုဂုတ်အကျော်လေးညှပ်ပြီး ဆံပင်ကိုအောက်နားလေးတွေ လိပ်လို့ရပါတယ်။ ဒီဆံပင်စတိုင်လ်လေးကတော့ အရမ်းချစ်စရာကောင်းလို့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

ဆံပင်ကိုအတိုလေးညှပ်ပြီး အရှေ့ဆံပင်လေးပါညှပ်လိုက်တာကလည်း ပုံစံတစ်မျိုးပြောင်းပြီး ချစ်စရာကောင်းစေပါတယ်။ ဒီလိုလေးညှပ်မယ်ဆိုရင်တော့ ဆံပင်အရောင်လေးဆိုးတာက ပိုပြီးလှပစေပါတယ်။ စိတ်ကိုလည်း ပိုပြီးသစ်လွင်စေတာပေါ့။

ဆံပင်ကို ဘယ်သူနဲ့မှမတူတဲ့ ပုံစံလေးထားချင်တယ်ဆိုရင်တော့ ကိုရီးယားမလေးတွေလို တစ်ခေါင်းလုံးကောက်လို့ရပါသေးတယ်။ ဒီဆံပင်စတိုင်လ်လေးက လူတိုင်းနဲ့တော့မလိုက်ဖက်ပေမယ့် တကယ်လိုက်ဖက်တဲ့သူနဲ့ဆိုလည်း တော်တော်ကိုအထာကျပြီး မိုက်နေစေတဲ့ဆံပင်စတိုင်လ်လေးပါ။

အထာကျကျနဲ့ ခပ်မိုက်မိုက်ပုံစံလေးဖြစ်ချင်တယ်ဆိုရင်တော့ ဆံပင်ကိုနားရွက်အောက်လေး ညှပ်လိုက်ပါ။ မိန်းကလေးလည်းအရမ်းမဆန်တော့ပဲ အထာကျကျနဲ့မိုက်နေစေတဲ့ ဆံပင်စတိုင်လ်လေးမို့ အသည်းကွဲနေတဲ့ကောင်မလေးတွေ ညှပ်ဖို့အသင့်တော်ဆုံးပါပဲ။

Photo Source: Pinterest