မျက်နှာပေါ်မှာ အမွှေးတွေများနေတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ မျက်နှာပေါ်က အမွှေးတွေကို ဖယ်ရှားနိုင်ဖို့အတွက် Waxing လုပ်ပေးကြပါတယ်။ အခုစာရေးသူကတော့ သဘာဝနည်းလမ်းနဲ့ Waxing ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အသားအရေအတွက်လည်းကောင်းမွန်ပြီး သဘာဝပါဝင်ပစ္စည်းတွေနဲ့မို့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ရှောင်နိုင်မှာပါ။

စာရေးသူတစ်ခုပြောချင်တာက မျက်နှာပေါ်မှာ အမွေးတွေရှိနေလို့ သင်မလှတာမဟုတ်ပါဘူး။ လူတိုင်းဟာ မပြည့်စုံပါဘူး။ သင့်ဟာ ဘယ်လိုပဲဖြစ်နေနေ confident ရှိရင် သင့်အလှဟာ ပြည့်စုံနေမှာပါ။

အခုနည်းလမ်းလေးကို ရေရှည်လုပ်ပေးမယ်ဆိုရင် သင့်မျက်နှာပေါ်က အမွှေးလေးတွေ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာပါ။

ပါဝင်ပစ္စည်းတွေကတော့

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

ဂျုံကြမ်း (Wholemeal Flour) စားပွဲတင်ဇွန်း ၃ ဇွန်း

ရေနည်းနည်း

ပြုလုပ်နည်း

မျက်နှာကိုသေချာ သစ်ထားပါ။ ပြီးရင် မျက်နှာပေါ်မှာ Moisturizer ကို စိမ့်ဝင်သွားအောင်လိမ်းပေးပါ။ ပြီးရင် ပါဝင်ပ္စစည်းတွေကို ရောလိုက်ပါ။ ရေကို အများကြီးမထည့်ပါနဲ့။ ခပ်ပျစ်ပျစ်လေးဖျော်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ပြီးရင် အရမ်းခြောက်အောင်မဟုတ်ဘဲ ၉၀% လောက် ခြောက်အောင်ထားပါ။ မိနစ် ၂၀ လောက်ကြာနိုင်ပါတယ်။ ပြီးရင် အမွေးရဲ့ ဦးတည်ချက်နဲ့ လားရာဖက် ဦးတည်ပြီး စောစောက လိမ်းထားတာကို ပွတ်ချလိုက်ပါ။ ပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ပြီး Toner ကိုလိမ်းပေးကာ Moisturizer လိမ်းပေးလိုက်ပါ။

တစ်ပတ်ကို ၂ ကြိမ်ထိလုပ်ပေးပါ။ တစ်ခါလုပ်ပြီးရင် အနည်းဆုံး ၂ ရက်ခြားပါ။