အလှပလျှို့ဝှက်ချက်နည်းလမ်းကို သိရင် သင်ကိုယ်တိုင်လည်း ဆွဲဆောင်မှုရှိသူတစ်ယောက် ဖြစ်နိုင်ပါတယ်။ သင့်ကို ပိုပြီးလှ၊ ပိုပြီးဆွဲဆောင်မှုရှိစေမယ့် လျှို့ဝှက်ချက်တွေကို မျှဝေပေးချင်ပါတယ်။

၁၂။ သွားလေးတွေကို မဖုံးထားလိုက်ပါနဲ့။

ပြုံးပါ။ ပြုံးတာဟာ သင့်ကိုပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ နှုတ်ခမ်းကို စူထားမယ့်အစား၊ သွားလေးတွေပေါ်အောင်ပြုံးလိုက်ပါ။

၁၁။ မျက်နှာသစ်ပြီး စက္ကန့် ၆၀ အတွင်း ခရင်မ်လိမ်းပေးပါ

မျက်နှာကို သေချာသစ်ပြီး ခြောက်အောင်သုတ်ပြီးတာနဲ့ စက္ကန့် ၆၀အတွက် ခရင်မ်လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာဟာ သင့်ရဲ့ အသားအရေကို ပိုပြီးစိုပြေစေမှာဖြစ်ပါတယ်။

၁၀။ Waxing မလုပ်ခင် အရက် (သို့) ဝိုင်မသောက်ပါနဲ့

Waxing မလုပ်ခင် ၁ ရက်အလိုမှာ အရက် (သို့) ဝိုင်သောက်တာဟာ သင့်ကို ပိုပြီးနာကျင်စေတယ်လို့ ဆိုပါတယ်။

၉။ ရေကူးကန်ထဲမဆင်းခင် ဆံပင်ကို ရေအရင်စိုအောင်လုပ်ပါ

ရေကူးကန်ထဲမဆင်းခင် ဆံပင်ကို ရိုးရိုးရေနဲ့ အရင်ဆေးချလိုက်ပါ။ အဲဒီလိုလုပ်ပေးတာဟာ ဦးရေပြားအတွင်း ကယ်လိုရင်းဝင်ရောက်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

၈။ မိတ်ကပ်လိမ်းတဲ့အခါ Cotton Pad မသုံးပါနဲ့

သင့်မျက်နှာပေါ်မှာ မိတ်ကပ် (သို့) ခရင်မ်လိမ်းတဲ့ခါ Cotton Pad သုံးတာဟာ သင့်အလှကုန်ပစ္စည်းတွေကို ပိုပြီး ကုန်မြန်စေပါတယ်။ Cotton Pad တွေက မိတ်ကပ်တွေ၊ ခရင်မ်တွေကို စုပ်ယူအားကောင်းလို့ သင့်ရဲ့ အလှကုန်ပစ္စည်းတွေကို မြန်မြန်ကုန်စေပါတယ်။

၇။ မိတ်ကပ်မလိမ်းခင် Primer လိမ်းပါ

မိတ်ကပ်မလိမ်းခင် Primer လိမ်းတာဟာ သင့်အသားအရေကို စိုပြေစေမှာဖြစ်ပါတယ်။ ချွေးပေါက်တွေကိုလည်း ကာကွယ်ပေးပြီး ဝက်ခြံဖြစ်မှုကို လျှော့ချပေးနိုင်ပါတယ်။အထူးသဖြင့် အဆီပြန်တဲ့အသားအရေအတွက် ကောင်းမွန်ပါတယ်။

၆။ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေဟာ ဝက်ခြံကိုသက်သာစေတယ်

ဗောက်ပျောက်ခေါင်းလျှော်ရည်က ဝက်ခြံကို သက်သာစေပါတယ်။ ဝက်ခြံရှိတဲ့နေရာမှာ ခေါင်းလျှော်ရည်လေးလိမ်းပြီး ဆေးချပေးပါ။

၅။ အမွေးရိတ်တာကို ရေစိုနေတဲ့အချိန်ထက် ခြောက်နေတဲ့အချိန်မှာ ရိတ်သင့်တယ်

လူတွေအများအားဖြင့် ရေစိုအောင်လုပ်ပြီး အမွေးရိတ်တတ်ကြပါတယ်။ ခြောက်တဲ့အချိန်လုပ်ပေးတာဟာ ပိုပြီးကောင်းမွန်ပါတယ်။

၄။ မနက်စာမစားခင် သွားတိုက်ပေးပါ

ညဖက် အိပ်ယာဝင်ခါနီး သွားတိုက်ထားပေမယ့်လည်း သင့်ခံတွင်းက ဘက်တီးရီးယားတွေဟာ ခံတွင်းအတွင်းမှာ သောင်းျကန်းထားတာကြောင့် သွားကို တိုက်ပေးသင့်ပါတယ်။ တချို့က ညဖက် သွားတိုက်ပြီးပြီဆိုပြီး မနက်ဖက် မတိုက်ဘဲ အစာစားတတ်ကြပါတယ်။ အဲဒီလိုမလုပ်ဘဲ မနက်စာမစားခင် သွားတိုက်ပေးပါ။

၃။ ရေအရမ်းအေးတာ အရမ်းပူတာနဲ့ ရေမချိုးပါနဲ့

ရေကို ပုံမှန်အအေးလောက်နဲ့ပဲ ရေချိုး ခေါင်းလျှော်လုပ်ပေးသင့်သလို၊ ရေသောက်တဲ့အခါမှာလည်း ရိုးရိုးရေပဲ သောက်ပေးသင့်ပါတယ်။ အဲဒါဟာ သင့်အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ အုန်းဆီဟာ ဆံကေသာအတွက်သာမက အသားအရေအတွက်လည်း ကောင်းမွန်တယ်

အုန်းဆီဟာ သင့်ဆံကေသာအတွက်သာမက အသားအရေအတွက်လည်း ကောင်းမွန်ပါတယ်။ ဘယ်အသားအရေအမျိုးအစားနဲ့ မဆို အသုံးပြုနိုင်ပါတယ်။ ဆံကေသာကိုလည်း ကောင်းမွန်စေပါတယ်။

၁။ SPF ပါတဲ့ ဖောင်ဒေးရှင်းသုံးဖို့မလိုပါဘူး

မျက်နှာမှာ မိတ်ကပ်မလိမ်းခင် Spf ပါတဲ့ ခရင်မ်ကို လိမ်းပေးထားပြီဆိုရင် SPF ပါတဲ့ ဖောင်ဒေးရှင်းသုံးဖို့မလိုတော့ပါဘူး။မလိုအပ်ဘဲ သုံးတာဟာ သင့်အသားအရေကို ပျက်စီးစေပါတယ်။