အားလုံးပဲမင်္ဂလာပါနော်။ ဒေါက်ဖိနပ်စီးရတာ ကြည့်လိုက်ရင် အရမ်းလှနေသလောက် မလွယ်ကူလှပါဘူး။ အခုမှ စစီးမယ့်သူတွေအတွက်တော့ ပိုပြီး ခက်ခဲတာပေါ့နော်။ ဒေါက်ဖိနပ်စီးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို သိမှဖြစ်မယ်နော်။

၁။ ခြေလှမ်းစိပ်စိပ်လှမ်းပါ

ဒေါက်ဖိနပ်စီးတဲ့သူတွေအနေနဲ့ ပိုပြီးကျော့မော့လှပနေစေဖို့ ခြေလှမ်းကို ခပ်စိပ်စိပ်လေးပဲလှမ်းပေးပါ။ ခြေလှမ်းကျဲကျဲလှမ်းမယ်ဆိုရင်တော့ ဒေါက်ဖိနပ်ကြီးနဲ့ သဘာဝကျမှာမဟုတ်ပါဘူး။

၂။ ခြေဖနောင့်ကိုအရင်ချပြီးမှ ခြေချောင်းလေးတွေချပေးပါ

ခြေလှမ်းလှမ်းတဲ့အခါ ခြေဖနောင့်လေးကို အရင်ချပြီးမှ ခြေချောင်းလေးတွေ ချပေးရပါမယ်။ ဒါမှ ခြေလှမ်းလှမ်းတဲ့အခါ ပိုပြီးသဘာဝကျပြီး ချောချောမွေ့မွေ့ဖြစ်စေမြှဖြစ်ပါတယ်။

၃။ ခါးကို မတ်မတ်ထားပါ

ဒေါက်ဖိနပ်စီးတဲ့အခါ ခါးကုန်းမနေဘဲ ခါးကိုမတ်မတ်ထားပြီးလှမ်းလျှောက်ပေးပါ။ ဒီလိုဆိုရင် ဗိုက်လည်းချပ်ပြီး၊ ခြေတံတွေလည်း သွယ်လာစေမှာဖြစ်ပါတယ်။

၄။ ဖြောင့်ဖြောင့်တန်းတန်းလျှောက်ပါ

ခြေလှမ်းလှမ်းတဲ့အခါ ဖြောင့်ဖြောင့်တန်းတန်းလှမ်းပေးပါ။ ဒါမှ မော်ဒယ်လေးတစ်ယောက်လှမ်းလျှောက်သလို ကြွကြွရွရွလေးဖြစ်နေစေမှာဖြစ်ပါတယ်။

၅။ အိမ်မှာလျှောက်ကြည့်ပါ

ဒီည ပွဲတက်ရမယ်၊ ဒေါက်ဖိနပ်စီးရမယ်ဆိုရင်တော့ ကိုယ့်အိမမှာ အစမ်းလျှောက်ကြည့်ပေးသင့်ပါတယ်။ လှေကားထစ်တွေကို တက်လိုက်ဆင်းလိုက် လျှောက်ကြည့်ပါ။ အရှေ့အနောက်ကို လျှောက်ကြည်ပေးပါ။

၆။ ဒေါက်ဖိနပ်နဲ့ မတ်တပ်ရပ်တဲ့အခါ

ဒေါက်ဖိနပ်စီးပြီး မတ်တပ်ရပ်တဲ့အခါမှာလည်း လှနေစေဖို့လိုပါတယ်။ ခြေထောကတစ်ဖက်ကို မတ်မတ်ထားပြီး တစ်ဖက်ကို နည်းနည်းလေး ကွေးထားပေးလိုက်ပါ။

၇။ ခြေထောက်ကိုအနားပေးပါ

ဒေါက်ဖိနပ်ကို တစ်နေကုန်စီးမယ်ဆိုရင် ခြေထောက်တွေနာကျင်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခြေထောက်ကို ခဏအနားပေးပါ။ ဖိနပ်မချွတ်သေးဘဲ ၅မိနစ်လောက် နားပေးပါ။

၈။ ဒေါက်ဖိနပ် ခဏခဏ မစီးပါနဲ့

ဒေါက်ဖိနပ်စီးတာလှပါတယ်။ ဒါပေမယ့် ခဏခဏစီးမယ်ဆိုရင်မကောင်းပါဘူးနော်။ အမြဲတမ်းခြေဖဝါးထောက်ထားသလိုဖြစ်လို့ သင့်ကျန်းမာရေးအတွက်မကောင်းပါဘူး။

၉။ မှန်ကန်တဲ့ ဒေါက်ဖိနပ်ကို ရွေးချယ်ပါ

အခုမှ ဒေါက်ဖိနပ်စစီးမှာကို ၄ လက်မ အမြင့်လောက်စီးမယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ၂ လက်မ ၃ လက်မလောက်ဆိုရင်ရပါပြီနော်။

၁၀။ ကိုယ်နဲ့ ကွက်တိဖြစ်တဲ့ ဒေါက်ဖိနပ်ကိုဝတ်ဆင်ပါ

ကိုယ်နဲ့ ကွက်တိဖြစ်တဲ့ ဒေါက်ဖိနပ်ကို ရွေးချယ်ပါ။ အရမ်းကြပ်တာ၊ အရမ်းချောင်တာမျိုးမစီးပါနဲ့။

Source: www.brightside.me

By: MyStyle Myanmar