ဒီနည်းလမ်းလေးက မျက်နှာပေါ်မှာ အရေးအကြောင်းရှိနေသူတွေ အမာရွတ်ရှိနေသူတွေအတွက် အထူးသင့်တော်တဲ့နည်းလမ်းဖြစ်ပါတယ်။ ပျားရည်နဲ့ နွားနို့ဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုနေရုံသာမက အလှအပအတွက်လည်း သိပ်ကိုအသုံးဝင်ပါတယ်။ ပျားရည်ကို ရှေးယခင်ကတည်းက အရေးကြောင်းတွေပျောက်ကင်းဖို့နဲ့အသားအရေ နူးညံ့စိုပြေနေစေဖို့ အသုံးပြုလာခဲ့ကြပါတယ်။

ပြုလုပ်နည်း

နို့မှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ရေနွေး

ပြုလုပ်နည်း

ခွက်တစ်ခုံးထဲကို နို့မှုန့်၊ပျားရည်နဲ့ ရေနွေးကိုရောပြီး မွှေလိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာ လိမ်းပေးထားပါ။

မျက်လုံးနားတဝိုက်ကိုတော့ ရှောင်ပေးပါ။

၁၀ မိနစ်လောက်ထားပါ။ ပြီးရင် မျက်နှာသုတ်ပဝါကို ရေနွေးစွတ်ပြီး ငြင်သာစွာဖယ်ရှားပေးပါ။ ပြီးရင် ရေနွေးနဲ့ မျက်နှာသစ်ပါ။

ဒီနည်းကို တစ်ပတ် ၁ ကြိမ်လောက်လုပ်ပေးတာနဲ့ ရလဒ်ကောင်းတွေရလာတာကို လက်တွေ့ခံစားရမှာဖြစ်ပါတယ်။