လကုန်ခါနီးတိုင်း ပိုက်ဆံအိပ် ပြားကပ်ကပ်ဖြစ်နေလို့စိတ်ညစ်နေလား။ လကုန်ရက်ကို မျှော်စရာမလိုဘဲ ပိုက်ဆံအိပ်ဖောင်းဖောင်းလေးဖြစ်စေဖို့ ပိုက်ဆံဘယ်လိုစုရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။ တကယ်တော့ ပိုက်ဆံစုတယ်ဆိုတာ လွယ်မလိုလိုနဲ့ ခက်ပါတယ်။ ခက်မလိုလိုနဲ့လည်း လွယ်ပါတယ်။ သင်ဟာ အသုံးအဖြုန်းကြီးတဲ့သူတစ်ယောက်ဖြစ်နေရင်တောင် ဒီနည်းလမ်းလေးတွေနဲ့ ပိုက်ဆံစုကြည့်လိုက်ပါ။

ပိုက်ဆံစုတယ်ဆိုတာ ပိုမိုကောင်းမွန်တဲ့အနာဂါတ်ကို ပုံဖော်နိုင်ဖို့ဆိုတာ စာဖတ်သူတိုင်း သတိရသင့်ပါတယ်။

ပိုက်ဆံဘယ်လိုစစုမလဲ

၁။ မလိုအပ်တဲ့ပစ္စည်းတွေကို မဝယ်ပါနဲ့။

သင့်မှာလည်းရှိပြီးသားဖြစ်တဲ့ပစ္စည်းတွေ သင့်အတွက်လည်း အသုံးမဝင်တဲ့ပစ္စည်းတွေကို မဝယ်ပါနဲ့။ လိုချင်နေရင်လည်း အခုမြင်တဲ့တစ်ခါလောက် အောင့်ထားလိုက်ပါ။

၂။ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေဝယ်ပါ။

ပိုက်ဆံစုပါတယ်ဆို ဘယ်လိုလုပ်ဈေးကြီးတာဝယ်မလဲလို့ မေးခွန်းရှိပါတယ်။ စာရေးသူပြောချင်တာက ဈေးပေါပေါ နာရီတွေ ဝယ်ဝတ်ပြီး ခဏလေးဝတ်လွှင့်ပစ်ရမယ့်အတူတူ ဈေးကြီးတဲ့ Branded ပစ္စည်းကိုဝယ်ပြီး နှစ်နဲ့ချီသုံးလိုက်ပါ။ ဈေးကြီးတဲ့ပစ္စည်းဆိုရင် သင်ပိုပြီးတန်ဖိုးထားပြီး ထိန်းသိမ်းမှာသေချာပါတယ်။ ဒါပေမယ့် ခဏခဏမဝယ်ပါနဲ့။

၃။ အပတ်စဉ်ငွေစုကြည့်ရအောင်။

တစ်ပတ်ကို ၁ သောင်းလောက်ပဲစုကြည့်ပါ။ ၂ ပတ်ဆို ၂ သောင်း။ ၄ ပတ်ဆို ၄ သောင်းစုမိမှာသေချာပါတယ်။ စုထားတဲ့ပိုက်ဆံကို ဘဏ်ထဲထည့်ထားပါ။ ATM နဲ့ မချိတ်ဘဲ ရိုးရိုးငွေစုစာအုပ်နဲ့စုထားပါ။

၄။ စိတ်ရှည်ပါ။

ခုစု ခုအများကြီးလိုချင်လို့တော့ မရပါဘူး။ ပိုက်ဆံစုဖို့ဆိုရင် စိတ်ရှည်ရပါမယ်။ ပြီးရင် ပစ္စည်းတွေ ပေါ်ပေါ်ချင်း ဈေးအရမ်းတက်နေတဲ့အချိန်မဝယ်ဘဲ လျှော့ဈေးပေးမယ့်အချိန်ဝယ်ပါ။

၅။ ကိုယ်သွားမယ့်လာမယ့်စရိတ်ကိုချွေတာပါ။

ခဏခဏ တက္ကဆီမစီးဘဲ ဘတ်စ်ကားစီးပေးပါ။ သူငယ်ချင်း တွေနဲ့စုပြီး ကားငှားစီးတာမျိုးလုပ်ပါ။ ကိုယ့်မှာကားရှိတယ်ဆိုရင်လည်း သူငယ်ချင်းတွေနဲ့ အတူတူတိုင်ပင်ပြီး တစ်ယောက်တစ်လှည့်စီကားယူပါ။

၆။ Brand တွေကိုမဝယ်ပါနဲ့။

စောစောကတော့ Brand ဝယ်ဆိုပြီး ခုတော့မဝယ်နဲ့လို့ပြောပြန်ပြီလို့ တွေးချင်တွေးမိနေပါလိမ့်မယ်။ Brand အမျိုးမျိုးရှိပါတယ်။ တစ်ချို့ Brand တွေက နာမည်သာရှိပေမယ့် အဲလောက်ကောင်းချင်မှကောင်းတာပါ။ နာဂျက်တို့၊ ဖုန်းကြိုးတို့ စတဲ့ပစ္စည်းလေးတွေကို နာမည်ကြီး Brand တွေမဝယ်ဘဲ ချွေတာပြီးဝယ်ပါ။

၇။ အပြင်ခဏခဏထွက်ပြီး စားခြင်းကို ရှောင်မယ်။

ကိုယ်ရှာတဲ့ပိုက်ဆံနဲ့ ကိုယ်သုံးနေရတဲ့သူတွေ ပိုက်ဆံစုချင်တဲ့သူတွေအနေနဲ့ ခဏခဏ အပြင်ထွက်ပြီး မစားပါနဲ့။ ဈေးကြီးတဲ့ဆိုင်တွေမှာ ခဏခဏစားတာဟာ ငွေကုန်ကြေးကျများပါတယ်။