မင်္ဂလာပါပျိုမေတို့ရေ…..

ခရမ်းချဉ်သီးကတော့နေရာတိုင်းမှာရရှိနိုင်ပြီး အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ သင့်တော်တာမို့  ခရမ်းချဉ်သီးကိုသုံးပြီး သဘာဝနည်းလမ်းနဲ့ အသားအရေ ထိန်းသိမ်းလို့ရတဲ့ နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

ခရမ်းချဉ်သီးမှာ vitamin- A,C,K.    တို့ပါဝင်တာကြောင့်

  • အဆီပြန်တဲ့ပြသာနာကိုထိန်းညှိပေးနိုင်တယ်။
  • ဝက်ခြံတွေကိုဖယ်ရှားပေးတယ်။
  • အသားရည်ကိုစိုပြေစေတယ်။
  • ချွေးပေါက်တွေကိုလည်း ကျည်းသွားစေတာကြောင့် တစ်ပတ်တစ်ကြိမ် (သို့) နှစ်ကြိမ်ပြုလုပ်ပေးသင့်ပါတယ်။

ခရမ်းချဉ်သီးနဲ့ပေါင်းတင်တဲ့အခါ ထွေထွေထူးထူး ခက်ခက်ခဲခဲလုပ်စရာမလိုပါဘူးနော်။

Tomato

ရိုးရှင်းတဲ့ပြုလုပ်နည်းက အချိန်ကုန်သက်သာပြီး အကျိုးကျေးဇူးရှိတာမို့ဘယ်လိုလုပ်ရမလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်နော်။

ခရမ်းချဉ်သီးနဲ့မျက်နှာပေါ်ကဝက်ခြံဖယ်ရှားရအောင်

၁။ ခရမ်းချည်သီးကိုကြိတ်ပြီးတော့မျက်နှာပေါ် မှာလိမ်းပေးလိုက်ပါ။ ပြီးရင် သင့်ရဲ့ သန့်ရှင်းတဲံ လက်လေးနဲ့ ခပ်ဖွဖွလေး နှိပ်ပေးပြီး ၁၅မိနစ် / မိနစ်၂၀ထားနိုင်ပါတယ်။

၂ ။ ခရမ်းချဉ်သီးကို scrab သုံးလို့ရပါသေးတယ်။ ဒီလို သုံးချင်ရင်ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်း သကြားကိုအပေါ်ကနေတင်ပေးလိုက်ပါ။ ပြီးရင်တော့ မျက်နှာကိုခပ်ဖွဖွလေး ပွတ်ပေးလိုက်ပါ။ ဘက်တီးရီးကြောင့် ယားယံတာတွေကို သက်သာစေသလို အသားအရေကို နူးညံ့ချောမွတ်စေပါတယ်နော်။

၃။ အလွယ်ကူဆုံးနည်းလမ်းကတော့ ခရမ်းချဉ်သီးကို ခပ်ပါးပါးလေးတွေ လှီးလိုက်ပြီး မျက်နှာအနှံ့ ပွတ်ပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါတာနော်။

အလွယ်ကူ အရိုးရှင်းဆုံးနည်းလမ်းနဲ့ ပျိုမေတို့ရဲ့ အသားအရေ ဝင်းလက်စိုပြေပြီး ဝက်ခြံကင်း အမည်းစက်ကင်းတဲ့ မျက်နှာပိုင်ရှင်လေးတွေဖြစ်ကြပါစေနော်။

Photo: www.pinterest.com

By: MyStyle Myanmar