မြန်မာနိုင်ငံမှာတော့ အထက်တန်းကျောင်းသားပဲဖြစ်ဖြစ် တက္ကသိုလ်ရောက်လို့ တက္ကသိုလ်ကျောင်းသားပဲဖြစ်ဖြစ်  နောက်ဆုံးစာမေးပွဲကြီးကတော့ အတန်းတင်စာမေးပွဲဖြစ်တာကြောင့် စာမေးပွဲအောင်ဖို့ သိပ်ကို အရေးကြီးနေပါတယ်။ စားမေးပွဲဆိုတဲ့ အသံကြားလိုက်တာနဲ့ ဘာသာရပ်တိုင်းရဲ့ ဖိစီးမှုတွေက ခေါးထဲ အစီအရီ ဝင်လာတော့တာပါပဲ။ အဲဒီတော့ စာမေးပွဲကြီးကို ကောင်းစွာဖြတ်သန်းနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ဖို့ကတော့ အနည်းဆုံးအနေနဲ့ လိုကိုလိုအပ်ပါတယ်။

ဒီတော့ ဘယ်လိုလေ့လာကြိုးစားရမလဲဆိုတာကို ဆွေးနွေးသွားပါမယ်။

၁။ ကိုယ်ပိုင် Guide လုပ်ယူထားပါ။

ဆရာ/မ တွေထံမှာ လမ်းညွန်မှုယူထားတယ်ဆိုပေမယ့်လည်း မိမိဘာသာမိမိ လိုအပ်တဲ့၊အားနည်းနေတဲ့ ဘာသာကို ပိုပြီး အချိန်ပေးလေ့လာတာကလည်း တစ်နည်းတစ်ဖုံ ကုစားရာရောက်ပါတယ်။ အရေးကြီးတဲ့ပုဒ်စာ၊ အချက်အလက်တွေကို သီးသန့် စာရွက်ပေါ်ချရေထားပြီး ကိုယ်စာလုပ်တဲ့ နေရာရဲ့ အနီးဆုံး မြင်နိုင်တဲ့နေရာမှာ ကပ်ထားပါ။ အမြဲတမ်း ရပြီးသား စာတွေကို ပြန်နွေးဖို့ မမေ့ပါနဲ့။

၂။ မေးခွန်းများများမေးပါ။

reading fast

ဒီလောက်များတဲ့ဘာသာရပ်တွေကို အကုန်းနားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နားလည်နေသလိုလို လုပ်လို့လည်း မရပါဘူး။ ကိုယ်နားမလည်တာ စာမေးပွဲမှာ ပါလာရင် ကိုယ်ပဲခံရတာပါ။ အဲဒါကြောင့် နားမလည်တဲ့ ပုဒ်စာတွေကို တွေ့ရင် ရှင်းပြပေးနိုင်တဲ့သူဆီ ချဉ်းကပ်ပြီး မေးမြန်းဖို့ မတွေဝေပါနဲ့။ ဆရာ၊မတွေဆီကိုလည်း အကူအညီတောင်းပါ။

၃။ စောစော  စာလုပ်ပါ။

ညနေခင်းမှာပဲဖြစ်ဖြစ် နံနက်ခင်းမှာပဲဖြစ်ဖြစ် စောစာစာလုပ်တဲ့အကျင့်လုပ်ပါ။ နောက်ကျတော့မှာ စာကိုကြည့်
တဲ့အကျင့် မလုပ်ပါနဲ့။ အထူးသဖြင့် မနက်ခင်းစောစောထပြီး စာကြည့်တာကို ပိုပြီးထိရောက်ပါတယ်။ ဦးနှောက်
အရွှင်ဆုံးသောအချိန်မို့ စာတွေလည်း ပိုရပါတယ်။

၄။ အသေးစိတ်ကို နားလည်အောင် လေ့လာပါ။

လမ်းညွှန်စာအုပ်တွေ လေ့လာနေရုံနဲ့ မလုံလောက်ပါဘူး။ သင်ခန်းစာရဲ့ ဆိုလိုရင်းတွေကို မူရင်းသင်ရိုးကိုလည်း ဖတ်မှတ်လေ့လာပါ။ တစ်ခါတစ်လေကျရင် လမ်းညွှန်စာအုပ်တွေထဲမှာ မရှင်းပြထားတာတွေကို သင်ရိုးစာအုပ်က ပြည့်ပြည့်ဝဝ နားလည်းအောင် ရှင်းပြပေးထားတာကို တွေ့တတ်ပါတယ်။ ပုံစံတူပုစ္ဆာတွေကိုလည်း များများလေ့လာပါ။

၅။ ဦးနှောက်ကို အနားပေးပါ။

ဆိုလိုတာက တစ်မနက်ခင်းလုံးကို မနားတမ်း ဆက်တိုက်စာကြည့်နေမယ်ဆိုရင် သင့်ဦးနှောက်က အားလုံးမှတ်သားထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဦးနှောက်က အမြဲလန်းဆန်းတက်ကြွနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စာလေ့လာနေစဉ်အတွင်း နာရီဝက်ခြားတစ်ခါ တစ်နာရီခြားတစ်ခါ ငါးမိနစ်၊ဆယ်မိနစ်နောက် အနားပေးပါ။ သီချင်းနားထောင်လိုက်တာတို့ ၊ လမ်းထလျှောက်လိုက်တာတို့ ဦးနှောက်ကို လန်းဆန်းစေမယ့် အလုပ်တစ်ခုခု ထလုပ်လိုက်ခြင်းအားဖြင့် ဦးအောင်းကို အနားပေးပါ။

၆။ မေးခွန်းဟောင်းတွေကို လေ့လာပါ။

စာမေးဖွဲမှာ မေးခွန်းတွေ ဘယ်လိုပုံစံနဲ့မေးလေ့ရှိသလဲ။ ဘယ်မေးခွန်းပုံစံကို အမေးများတတ်သလဲ စသည့်ဖြင့်လေ့လာပါ။ လေ့လာရုံနဲ့ ရပ်မနေပါနဲ့ ကိုယ်တိုင် စမ်းဖြေကြည့်ပါ။ မေးခွန်းတို၊ မေးခွန်းရှည်၊ ပုစ္ဆာတွေ၊ ကွက်လပ်ဖြည့်တွေ စတဲ့ မေးခွန်းဟောင်းတွေကို အဖန်ဖန် အစမ်းဖြေပါ။ မရှင်းတာတွေ၊ ဖြေမရတာတွေတွေ့ရင် ဆရာ၊မတွေဆီသွားပါ။ မေးမြန်းအဖြေရှာပါ။

၇။ အချိန်ဇယားဆွဲပါ၊ လိုက်နာပါ။

ကိုယ့်မှာက ဘာသာရပ်တွေ အများကြီးရှိနေတာပါ။ တစ်ဘာသားတည်းကိုပဲ ဖိလေ့လာလို့ ဘယ်လိုမှ မရပါဘူ။ စာမေးပွဲ မအောင်နိုင်ပါဘူး။ ဘာသာအားလုံးကို ညီညီမျှမျှ ရနေမှ စာမေးပွဲမှာ အခက်အခဲမရှိ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာရပ်တွေကို စနစ်တကျ အချိန်ခွဲဝေပြီး အချိန်ဇယားထဲမှာထည့်ပါ။ ပြီးတော့ အဲဒီ ဇယားအတိုင်း လိုက်နာနိုင်အောင် အတတ်နိုင်ဆုံး လေ့လာပါ။

ဒီအချက်တွေကို ပြုလုပ်ခြင်းအားဖြင့် စာမေးပွဲ အောင်ရုံမက အမှတ်ကောင်းကောင်း ရကြပါစေ။

Source: Fast Web
Photo Source: Freepik.com