အားလုံးပဲ မင်္ဂလာပါ။ အသားအရေလေးနူးညံ့ပြီး အမဲစက်နဲ့ ဝက်ခြံတွေ ကင်းဝေးဖို့၊ အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းများနဲ့ ကင်းကင်းရှင်းရှင်းနေချင်တာကတော့ ပျိုမေလေးတွေရဲ့ စိတ်ကူးအိပ်မက်ပါပဲ။

စိတ်ဖိစီးမှုများဖြစ်ပေါ်ခြင်းကလည်း အလှအပကို ထိခိုက်နိုင်တာကြောင့် စိတ်ဖိစီးမှုကို လျော့ချမယ်၊ အိပ်ရေးဝဝအိပ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်နေထိုင်ခြင်းကလည်း အသားအရေအလှအပအတွက် အထောက်အကူဖြစ်ပါတယ်။

အလှအပမြတ်နိုးတဲ့ ပျိုမေလေးတွေအတွက် အသားအရေထိန်းသိမ်းစောင့်ရှောက်နည်းတွေက ဘာတွေဖြစ်မလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

မျက်နှာပေါင်းတင်ခြင်း

မျက်နှာလေး ဝင်းပစိုပြေဖို့အတွက် အနည်းဆုံးတစ်လတစ်ကြိမ်လောက် မျက်နှာပေါင်းတင်သင့်ပါတယ်။

မျက်နှာကြေးချွတ်ခြင်း

အမဲစက်နဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ မျက်နှာကြေးချွတ်ခြင်းပဲဖြစ်ပါတယ်။ မိမိအသားအရေနဲ့ သင့်တော်မယ့် ကြေးချွတ်နည်းများကို တစ်ပတ် ၂ ကြိမ်ခန့်ပြုလုပ်ပေးပါ။

ရေများများသောက်ပါ

ရေလုံလုံလောက်လောက်သောက်ခြင်းက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့အတွက် အသားအရေလေးက သဘာဝအတိုင်းဝင်းပလာတာကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါတယ်။

လက်ချောင်းလေးနဲ့ ခြေထောက်အလှကိုပါ ထိန်းသိမ်းပါ

မျက်နှာလှပနေရုံနဲ့ မလုံလောက်ပါဘူး။ ခြေထောက်နဲ့လက်ကလေးတွေ နူးညံ့စိုပြေနေအောင် ဂရုစိုက်သင့်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းမှာ ခြေထောက်နဲ့ လက်လေးတွေကို သံလွင်ဆီလေးနဲ့ သုတ်လိမ်းပေးလိုက်ပါ။ လက်သည်းခြေသည်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပါ

စိတ်ဖိစီးခြင်းက သင့်အသားအရေကို ပျက်စီးစေပြီး မျက်နှာကိုလည်း အိုမင်းရင့်ရော်တဲ့ပုံပေါက်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျော့ချပေးပါ။ တရားထိုင်ပါ။ Yoga ဆော့ပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။

Source: www.onlymyhealth.com