၁။ ARIES (MARCH 21 – APRIL 19)

တဇွတ်ထိုးဆန်တတ်တဲ့ Aries လေးတွေက အရာရာအနစ်နာခံတတ်တဲ့ Cancer လေးတွေနဲ့ ဒိတ်လုပ်သင့်ပါတယ်။ သင့်ကိုအမြဲအထောက်အပံ့ပေးနိုင်ပြီး အနားမှာအမြဲအရိပ်တကြည့်ကြည့်နဲ့ ရှိနေပါလိမ့်မယ်။

၂။ TAURUS (APRIL 20 – MAY 21)

ပွင့်ပွင့်လင်းလင်းနေတတ်ပြီး အကောင်းဆုံးတွေကိုပဲ အမြဲတောင့်တနေတတ်တဲ့ Trurus အမျိုးသမီးတွေနဲ့အလိုက်ဖက်ဆုံးကတော့ မိမိနဲ့စိတ်တူကိုယ်တူဖြစ်တဲ့ ရာသီခွင်တူ Taurus အမျိုးသားတွေပဲ ဖြစ်ပါတယ်။

၃။ GEMINI (MAY 22 – JUNE 21)

ရိုမန်တစ်ဆန်တာကိုနှစ်သက်ပြီး အမြဲဂရုစိုက်ခံချင်နေတတ်ကြတဲ့ Gemini ရာသီခွင်ပျိုမေလေးတို့ကတော့ တစ်ပါးသူဘာဖြစ်နေတယ်ဆိုတာကို ကောင်းကောင်းနားလည်ပြီး မျှမျှတတတွေးခေါ်တတ်ကြတဲ့ Libra အမျိုးကောင်းသားတွေနဲ့ ဒိတ်လုပ်သင့်ပါတယ်။

၄။ CANCER (JUNE 22 – JULY 22)

ပင်ကိုယ်မိခင်စိတ်ရှိကြတဲ့ Cancer အမျိုးသမီးတွေဟာလည်း သင့်ရဲ့ချစ်ခြင်းမေတ္တာကိုခံယူနိုင်ပြီး တစ်ပါးသူရဲ့အလိုကို အရိပ်တကြည့်ကြည့်ကြည့်ပြီး နားလည်ပေးတတ်တဲ့ Libra အမျိုးသားတွေနဲ့ပဲ ဒိတ်လုပ်သင့်ပါတယ်။

၅။ LEO (JULY 23 – AUGUST 22)

ကိုယ့်ရဲ့ချစ်သူဆီက ဂရုစိုက်မှုကိုအမြဲလိုချင်နေပြီး အနိုင်ကျင့်၊ ဗိုလ်ကျတတ်တဲ့ ကလေးဆိုးလေးတွေကတော့ အရာအရာသည်းခံပေးတတ်တဲ့ Scorpio ရာသီခွင်တွေနဲ့ ဒိတ်လုပ်သင့်ပါတယ်။

၆။ VIRGO (AUGUST 23 – SEPTEMBER 22)

ကိုယ့်အတွေးနယ်ပဲထဲမှာပဲ အမြဲပျောက်ဆုံးနေတတ်ပြီး အတွေးလွန်တတ်တဲ့ Virgo ပျိုမေလေးတို့ဟာဆိုရင်လည်း သင့်လိုပဲအတွေးနယ်ချဲ့တတ်ပြီး အကြောင်းအရာတစ်ခုကို သေချာစဉ်းစားတတ်တဲ့ Capricorn လေးတွေနဲ့သာတွဲသင့်ပါတယ်။

၇။ LIBRA (SEPTEMBER 23 – OCTOBER 22)

ရာသီခွင်တွေအားလုံးထဲမှာမှ Libra ပျိုမေတွေဟာ ကိုယ်ဘာဖြစ်ချင်နေတယ်၊ ကိုယ့်စိတ်အနေအထားဘယ်လိုရှိတယ်ဆိုတာကို အသိကြဆုံးပါ။ ချစ်မိသွားတာနဲ့ Relationship ကြာရှည်တည်မြဲခြင်းကို အကန့်မရောထားတဲ့ Libra တွေအတွက်တော့ Relationship တည်မြဲအောင်ထိန်းပေးနိုင်တဲ့ Leo ရာသီခွင်တွေနဲ့သာ တွဲသင့်ပါတယ်။

၈။ SCORPIO (OCTOBER 23 – NOVEMBER 22)

စိန်ခေါ်မှုတွေကိုနှစ်သက်ပြီး သိုဝှက်တတ်ကြတဲ့ Scorpio ရာသီခွင်တွေကတော့ အများဆန္ဒကို လွယ်လွယ်ကူကူနားလည်ပေးနိုင်တဲ့ Leo ရာသီခွင်တွေနဲ့ လိုက်ဖက်ကြပါတယ်။

၉။ SAGITTARIUS (NOVEMBER 23 – DECEMBER 21)

လွယ်လပ်မှုကိုနှစ်သက်ပြီး အမြဲအနောက်ကတကောက်ကောက်လိုက်နေတာကို မကြိုက်တဲ့ Sagittarius တွေကတော့ သင့်လိုပဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ Aquarius အမျိုးသားတွေနဲ့ ဒိတ်လုပ်သင့်ပါတယ်။

၁၀။ CAPRICORN (DECEMBER 22 – JANUARY 20)

အလုပ်ကြိုးစားပြီး ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့အတွက်ဆို ဘယ်အရာကိုမှလွှတ်ချဖို့ဝန်မလေးတတ်တဲ့ Capricorn ပျိုမေလေးတွေအတွက်တော့ အကြောင်းအရာတိုင်းကို ဘယ်လိုနည်းနဲ့အကောင်းဆုံးစီမံရမယ်ဆိုတာနားလည်တဲ့ Virgo အမျိုးသားတွေကိုသာ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်ပါတယ်။

၁၁။ AQUARIUS (JANUARY 21 – FEBRUARY 18)

သူတစ်ပါးဆန္ဒကို အမြဲဦးစားပေးတတ်လွန်းတာကြောင့် ငြီးငွေ့နေပြီဖြစ်တဲ့ Aquarius အမျိုးသမီးတွေကတော့ ကိုယ့်စိတ်ကို နည်းအမျိုးမျိုးနဲ့ပျော်အောင်လုပ်ပေးနိုင်မယ့် Gemini အမျိုးသားတွေကိုသာ ရွေးချယ်သင့်ပါတယ်။

၁၂။ PISCES (FEBRUARY 19 – MARCH 20)

ရာသီခွင်တွေအားလုံးထဲမှာမှ နားလည်ရအခက်ဆုံးက Pisces ရာသီခွင်တွေပါ။ စိတ်ကူးအိမ်မက်တွေများပြားပြီး အကောင်းဆုံးကိုပဲမျှော်လင့်နေတတ်တဲ့ Pisces လေးတွေနဲ့အကိုက်ညီဆုံး ဘဝလက်တွဲဖော်ကတော့ သင့်နှလုံးသားကို ဘယ်လိုကိုင်တွယ်ရမယ်မှန်းကောင်းကောင်းသိတဲ့ Cancer အမျိုးသားတွေပဲ ဖြစ်ပါတယ်။

Source: Pinterest