OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ High-End R Series အသစ် OPPO R17 Pro ကို (၈၉၉,၉၀၀) ကျပ်နဲ့ ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး ပြည်တွင်းမှာ စတင် ဝယ်ယူနိုင်ပါပြီလို့ သိရပါတယ်။ ဝယ်ယူ အားပေးသူ တွေကိုလည်း ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ နာမည်ကျော် Parker တံဆိပ်ဘောပင်ကို လက်ဆောင် ပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မကပဲ Telenor Myanmar နဲ့ လက်တွဲပြီးတော့ အထူးဒေတာ ပက်ကေ့ခ်ျခံစားခွင့် အစီအစဉ် ဖြစ်တဲ့ ဖုန်းဘေလ် (၃,၀၀၀) ကျပ်ကို 0.5GB၊ (၅၀၀၀) ကျပ်ကို 1GB နှင့် (၁၀,၀၀၀) ကျပ် အတွက် 2GB ကိုတော့ နှစ်နှစ်အတွင်း အကြိမ်ပေါင်း (၅၀) ရရှိမှာဖြစ်ပြီး စုစုပေါင်း ဒေတာပမာဏ 100GB အထိတောင် ခံစားနိုင်မှာပါ။

Seize the Night လို့ အမည်ပေးထားတဲ့ OPPO ရဲ့ R17 Pro ဖုန်းသစ်ကတော့ ညချမ်းချိန်ခါရဲ့ အလှတရား ကို လုပ်ဆောင်ချက် အဆင့်ဆင့်နဲ့ ချွင်းချက်မရှိ ပုံဖော်ပေးနိုင်မဲ့ Ultra-Night Mode ပါဝင်တဲ့ ကျောဘက်ကင်မရာ ၃လုံး (12MP+ 20MP + TOF) ကို တပ်ဆင်ပေးထားသေးပါတယ်။ 12 MP အဓိက ကင်မရာကတော့ Smart Aperture ပါတာကြောင့် ညရိုက်ကူးချက်တွေမှာ ကင်မရာ အလင်းဝင်ပေါက် F1.5 နဲ့ F2.4 ကို ပြင်ပ အလင်းရောင်ပေါ် မူတည်ပြီး အလိုအလျောက်ချဲ့ ပေးခြင်းဖြင့် ငေးမောမှင်သက်ဖွယ် ပုံရိပ်တွေကို အတောက်ပဆုံး၊ အကြည်လင်ဆုံးသော ညအလင်းရောင် နောက်ခံနဲ့ အတူ ပုံဖော်ပေးနိုင်မှာပါ။ OIS Optical Image Stabilization ကတော့ လျှပ်တစ်ပြက် ရိုက်ချက်တွေကို ဝေဝါးမှုန်ရီခြင်းမရှိဘဲ အပြတ်သားဆုံးသော မြင်ကွင်းတွေအဖြစ် မိမိရရ ရိုက်ကူး နိုင်ပါတယ်။ ညချမ်းရဲ့ အလှတရားတွေ ပျောက်ကွယ်သွားခြင်းမရှိဘဲ အပြစ်အနာအဆာ ကင်းမဲ့တဲ့ပုံရိပ်တွေ ဖမ်းယူနိုင်ဖို့ AI Ultra-Clear Engine ကိုလည်း ထည့်သွင်း ပေးထားပါတယ်။ ဒါတွေသာမက Dizzle Color Mode ကတော့ ပုံရဲ့အလိုက်ဖက်ဆုံး အရောင်ကို AI Scene Scan နဲ့ ရွေးချယ်ပေးပြီး သဘာဝကျကျပုံတွေ အဖြစ် ပြောင်းလဲဖန်တီးပေးနိုင်တယ်လို့ သိရပါတယ်။

AI Beauty နည်းပညာပါဝင်တဲ့ 25MP ရှေ့ကင်မရာ ကတော့ ပုံရိပ်တွေ ဖမ်းယူရာမှာ မိမိပင်ကိုအလှကို ပိုပေါ်လွင်စေမယ့် Mode ၆ မျိုးထဲမှ စိတ်ကြိုက်ရွေးချယ်ပြီးတော့ ချစ်စရာကောင်းတဲ့ AR စတစ်ကာပုံတွေ ပေါင်းစပ်လိုက်မယ်ဆိုရင် Digital Camera နဲ့ ရိုက်ကူးထားသလို အလန်းဆုံးပုံတွေ ဖမ်းယူနိုင်ပါတယ်။

ဒီဇိုင်းကို ကြည့်မယ်ဆိုရင်လည်း ဖုန်းသစ်ရဲ့ကိုယ်ထည်မှာ အပြာရင့်ရောင်နဲ့ ခရမ်းရောင်တို့ ယှက်နွယ် ရောင်ပြေးနေဟန်ပုံစံကို 3Dမှန်နဲ့ ပေါင်းစပ် ဖန်တီးထားတာကြောင့် အနုပညာဆန်ဆန်နဲ့ ဂန္ထဝင်မြောက် အမြင်တွေကို ပြည့်ပြည့်ဝဝ ခံစားရမှာပါ။ မျက်နှာပြင်ကိုလည်း Corning Gorilla Galss 6 ဖုံးအုပ် ပေးထားတာကြောင့် အကြမ်းတမ်း ခံနိုင်ရည်ရှိပုံ ကတော့ အံ့မခန်းပါပဲ။

ဒါတင်မကပဲ ဖုန်းဘက်ထရီရဲ့ 50W SuperVOOC အမြန်အားသွင်းစနစ်က ၁၀ မိနစ်နဲ့အားသွင်းရုံနဲ့တင် ၄၀% ကြီးများတောင် အားဖြည့်သွင်းနိုင်တယ်လို့ သိရပါတယ်။ လက်တလောမှာ ရေပန်းအစားဆုံး မျက်နှာပြင်အောက်လက်ဗွေရာစနစ် ပါဝင်လာတဲ့ R17 Pro ဟာဆိုရင် Ultra-Photosensitive Sensor ကြောင့် Unlock လုပ်လိုက်လျှင် အမြင်ဆန်းသစ်တဲ့ လက်ဗွေပုံရိပ်လှိုင်းတွေ နဲ့အတူ နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ဖုန်းဖွင့်သွားမှာပါ။ ဂိမ်းဝါသနာအိုးတွေ အကြိုက်ကတော့ ပမာဏကြီး တဲ့ 8GB RAM ပါဝင်လာတာကြောင့် နာမည်ကြီးဂိမ်းတွေဖြစ်တဲ့ Arena of Valor ၊ PUBG စတဲ့ ဂိမ်းများ ကစားရာတွင်လည်း Gaming Experience ကို ချောချောမွေ့မွေ့ ခံစားနိုင်မှာပါ။ ခြုံငုံကြည့်မယ်ဆို OPPO R17 Pro နဲ့ဆိုရင် ညဘက်ရိုက်ကူးရေးကို စိတ်မပူရတော့သလို လူငယ်ဆန်ဆန် အမိုက်စားဒီဇိုင်းနဲ့ ဖက်ရှင်ကျကျ လန်းနေနိုင်တော့မှာပါ။