ငယ်ရွယ်နုပျိုမှုနှင့် ဖက်ရှင်ကျလှပမှုကို ဖော်ကျူးသော စမတ်ဖုန်းများ ထုတ်လုပ်လျက်ရှိသည့် နည်းပညာကုမ္ပဏီ OPPO ဟာဆိုရင် မြန်မာ့နည်းပညာလောကတွင် ထွန်းတောက်လာဦးမည့် ကြယ်ပွင့်လေးများ၊ အတတ်ပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ၂၀၁၉ ခုနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကူညီပံ့ပိုးပေးခဲ့ပါတယ်။

နိုင်ငံတော်၏ အနာဂတ်များဖြစ်သော ကျောင်းသူကျောင်းသားသစ်များကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုသည့်အနေဖြင့် ၂၀၁၉ ခုနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇန်နဝါရီလ (၁၅) ရက်နှင့် (၁၆) ရက်နေ့များတွင် မိခင်ကျောင်းတော် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းတော်၌ အနုပညာရှင်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

OPPO F Series ၏ နောက်ဆုံးထွက်ကုန်ဖြစ်သော New Year Special Edition Jade Green ကို ပရိုမိုးရှင်းလုပ်လိုခြင်း ရည်ရွယ်ချက်များအပြင် မောင်မယ်သစ်လေးများကို ဂုဏ်ပြုချင်လိုသည့် စိတ်ရင်းစေတနာမွန်တို့ဖြင့် အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် Diamond Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။

OPPO စမတ်ဖုန်းများတွင်သာထည့်သွင်းထားသည့် ၅မိနစ်အားသွင်း၊ ၂နာရီဖုန်းပြောဆိုနိုင်မည့် VOOC အမြန်အားသွင်းစနစ်၊ ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်း၊ 25MP AI ရှေ့ကင်မရာနှင့် 16MP+2MP နောက်ကင်မရာ၂လုံးတို့ပါဝင်သော F9 Series မှ New Year Edition ဖြစ်သည့် အဖြူနှင့် ကျောက်စိမ်းနှစ်ရောင်စပ် Jade Green အရောင်သစ်စမတ်ဖုန်းကို OPPO Myanmar မှ (၄၁၉,၉၀၀) ကျပ်ဖြင့် ဇန်နဝါရီလ (၅) ရက်နေ့တွင် ပြည်တွင်း၌ စတင်ရောင်းချခဲ့ပါပြီ။

OPPO Myanmar ဟာဆိုရင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ၂၀၁၉ခုနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ လာရောက်ကြသော ကျောင်းသားကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သလို ကျောင်းသူကျောင်းသားများအနေဖြင့် ပွဲရှိ OPPO Photo Booth များတွင် ဓာတ်ပုံများရိုက်၍ OPPO Myanmar ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာရှိ Photo Contest Post အောက်တွင် ဓာတ်ပုံများတင်ခြင်းဖြင့် F9 Jade Green စမတ်ဖုန်း ဆုလက်ဆောင်ပေးအပ်သည့် ပျော်ရွှင်ဖွယ်အစီအစဉ်တစ်ရပ်ကိုလည်း ပြုလုပ်ပေးခဲ့ပါသေးတယ်။

အဆိုပါမောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြသော ရဲလေး၊ Xbox၊ Project K၊ ပိုပိုဟေသာ၊ ဂျိုကာ တို့၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ကျောင်းသူကျောင်းသားသစ်များထဲမှ King & Queen ရွေးချယ်ခြင်း၊ ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ခြင်း၊ သီချင်းအကပြဇာတ်များဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများဖြင့် တခမ်းတနား ကျင်းပပြုလုပ်ခဲ့ပါတယ်။