ကျန်းမာတဲ့သွားတွေအတွက် နှမ်းဆီ

နှမ်းဆီမှာ Polyvitamin အက်ဆစ်တွေပါဝင်ပါတယ်။ သင့်ခံတွင်းကို နှမ်းဆီနဲ့ ပလုပ်ကျင်းရင် သင့်သွားတွေ ပိုဖြူလာပြီး သွားပိုးစားတာကို ကာကွယ်ပေးပြီး ခံတွင်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

ဆံပင်သန်စွမ်းဖို့အတွက် Hibiscus ဆီ

ဆံပင်ပါးတဲ့သူတွေအတွက် Hibiscus ဆီလိုအပ်ပါတယ်။သူ့မှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး ဆံသားတွေကျွတ်တာကိုလည်း လျော့ချပေးပါတယ်။ ဆံမျှင်တွေကို ထူစေပြီး ဆံပင်တွေကို ပိုပေါက်စေအောင် ကူညီပေးပါတယ်။

မျက်တောင်မွှေးနဲ့ မျက်ခုံးတွေ ထူစေဖို့ ကြက်ဆူဆီ

ကြက်ဆူဆီက အနံ့အသက်တော့ ဆိုးပေမယ့် သူ့မှာ မျက်တောင်မွှေးနဲ့ မျက်ခုံးတွေကောင်းစေပါတယ်။ ဆဲလ် တွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအပြင် မျက်တောင်မွှေးနဲ့ မျက်ခုံးမွှေးတွေ ပိုထူပိုနက်အောင် ကူညီပေးပါတယ်။ ကြက်ဆူဆီကို မျက်ခုံးနဲ့ မျက်တောင်မွှေးမှာ လိမ်းပေးပြီး ၅ မိနစ်လောက်နေရင် ရေဆေးချပေးပါ။

ခန္ဓာကိုယ်ထဲက အဆီတွေ အဆိပ်အတောက်တွေ ဖယ်ရှားပေးစေမယ့် နှမ်းကြက်ဆီ

နှမ်းကြက်ဆီမှာ fatty အက်ဆစ်၊ ဗီတာမင်ဓာတ်တွေနဲ့ ပိုတက်ဆီယမ်ဓာတ်တွေပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးကာ အဆီတွေကို လောင်ကျွမ်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ဟင်းချက်တဲ့နေရာမှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။

ဝက်ခြံတို့အတွက် Tea Tree ဆီ

မျက်နှာပေါ်မှာ ဝက်ခြံတွေများလို့ စိတ်ညစ်နေပါသလား။ Tea tree ဆီမှာ ဘက်တီးရီးယားတွေ၊ မှိုတွေကို သေစေနိုင်ပြီး အနာကို အလျင်အမြန်ကျက်စေပါတယ်။ Tea Tree ဆီက ဝက်ခြံတွေနဲ့ အဆီထွက်တာများတဲ့ အရေပြားတွေအတွက် သင့်တော်ပါတယ်။ Tea Tree ဆီကို မျက်နှာကိုလိမ်းပေးပြီး ၅ မိနစ်လောက်နေရင် ရေဆေးချပေးပါ။