လူတစ်ယောက်ကို ချစ်မိရာမှာ ပေါ်တင်ချစ်တတ်တဲ့သူနဲ့ ကိုယ်ချစ်တဲ့သူမသိအောင် တိတ်တခိုးချစ်နေတတ်တဲ့သူရှိပါတယ်။ ပေါ်တင် ပွင့်ပွင့်လင်းလင်း ချစ်တတ်တဲ့သူတွေဟာ သူတို့ရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး ရလာတဲ့အခွင့်အရေးကို အကောင်းဆုံး အသုံးချတတ်ပါတယ်။

တိတ်တခိုးချစ်တတ်တဲ့သူတွေကတော့ သူတို့ချစ်တဲ့သူကို တွေ့တဲ့အခါ ဝေးဝေးကရှောင်တတ်ပြီး၊ စကားပြောဖို့တောင် မ၀ံ့မရဲဖြစ်နေတတ်ပါတယ်။ သူတို့ရဲ့ စစ်မှန်တဲ့ခံစားချက်ကို ဖုံးကွယ်တတ်ကြတဲ့သူတွေပါ။ ဒီလိုလူမျိုးကို ချစ်မိရင်တော့ သူကိုယ့်ကို တိတ်တခိုးချစ်နေတာ ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ မကြာခဏ ခိုးကြည့်ခြင်း

သင့်ကို မကြာခဏ ခိုးခိုးကြည့်တတ်တာဟာ စကားပြောတာထက် ပိုပြီး အဓိပ္ပာယ်ပြည့်စုံတဲ့ အချစ်ကို ဖော်ပြနည်းပါပဲ။ မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့ စိတ်တခါးပေါက်ပဲလေ။ သူသင့်ကို ခိုးကြည့်တတ်ပေမယ့် သင်ကပြန်ကြည့်လိုက်တဲ့အခါ ကပျာကယာ မျက်လုံးအကြည့်ကို ပြန်ရုတ်သွားတတ်ပါတယ်။

၂။ စကားပြောတာ အစီစဉ်မကျခြင်း

သင့်ကို စကားပြောတဲ့အခါ အစီစဉ်မကျဘဲ ဟိုအကြောင်းရောက်လိုက် ဒီအကြောင်းရောက်လိုက်နဲ့ ဖြစ်နေတတ်ပါတယ်။

၃။ သင်နဲ့စကားပြောရင် မပြုံးဘဲမနေနိုင်ဘူး

သူသင်နဲ့ စကားပြောတဲ့အခါ သွားကို မပေါ်အောင် မပြုံးအောင် ဘယ်လောက်ပဲ ထိန်းထားထိန်းထား သူထိန်းလို့မရပါဘူး။

၎။ သူ့ရဲ့ အကြိုက်တွေရုတ်တရက်ပြောင်းသွားမယ်

လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ ကိုယ်ချစ်တဲ့သူ သဘောကျတဲ့ အရာတွေကို အလိုအလျောက် သဘောကျသွားတတ်ပါတယ်။ ကိုယ့်ချစ်သူက အားကစားဝါသနာပါရင် ကိုယ်လည်း အားကစားကို စိတ်ဝင်စားလာသလို၊ ကိုယ့်ချစ်သူက စာပေ၀ါသနာပါရင် သူနဲ့ စကားပြောဆိုရဖို့ စာတွေများများဖတ်လာပါတယ်။

၅။ သူသင့်အကြောင်း တခြားသူကို မကြာခဏပြောမယ်

သင့်ကိုသဘောကျတဲ့သူဟာ သင့်အကြောင်းကို ခဏခဏ ပြောနေမှာဖြစ်ပါတယ်။ သူ့မိတ်ဆွေသူငယ်ချင်းတွေကိုလည်း သင့်အကြောင်း ခဏခဏပြောလေ့ရှိပြီး သင့်ကိုတောင် လူမမြင်ဖူးဘဲ သူတို့တွေ တော်တော်လေး ရင်းနှီးနေတတ်ပါတယ်။