မင်္ဂလာပါ ပျိုမေလေးတို့ရေ၊ အခုနောက်ပိုင်းမှာ ဂါဝန်အရှည်လေးတွေ ခေတ်စားလာတာကို တွေ့ရပါတယ်။ ပျိုမေလေးတို့ကို မိန်းကလေးပိုဆန်စေတဲ့ အဝတ်အစားလေးကလည်း ဂါဝန်အရှည်လေးတွေပါပဲ။

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးမုန့်ထွက်စားချင်တာလား၊ ဒါမှမဟုတ် ချစ်သူရည်းစားနဲ့ ချိန်းထားတယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါးဂါဝန်အရှည်လေးတွေ ဝတ်လို့ရသလိုပဲ၊ ပွဲအခမ်းအနားရှိတဲ့အခါမှာလည်း ပွဲတက်ဂါဝန်အရှည်လေးတွေ ဝတ်လို့ရပါသေးတယ်။

အဲ့ဒီလို မိန်းကလေးဆန်စေတဲ့ ဂါဝန်အရှည်လေးတွေကို လှသထက်လှလာအောင် ဘယ်လိုအဝတ်အစား အပြင်အဆင်တွေနဲ့ တွဲဖက်ဝတ်ပေးရမလဲဆိုတာကို အတူတူဆက်ကြည့်လိုက်ရအောင်နော်။

ဂျင်းဂျက်ကတ်နဲ့ တွဲဝတ်ပါ

ခါးပတ်လေးနဲ့ တွဲဝတ်ပါ

ဂါဝန်အရှည်ပေါ်ကို ခါးပတ်လေးပတ်လိုက်တဲ့အခါ ခါးသေးရင်ချီဖြစ်သွားပြီး သင့်ကို လူတကာငေးမောသွားစေပါလိမ့်မယ်။

ဒေါက်ဖိနပ်နဲ့ တွဲဝတ်ပါ 

ဂါဝန်အရှည်က ဒေါက်ဖိနပ်ကို ဖုံးထားလိုက်တာကြောင့် သင် ဒေါက်ဝတ်ထားမှန်းမသိသာစေပဲ သင့်ကို အရပ်ပိုရှည်တဲ့ပုံပေါက်စေပါတယ်။

Sneakers ဖိနပ်လေးတွေနဲ့ တွဲဝတ်မယ်

အားကစားဖိနပ်တွေကို အားကစားဝတ်စုံတွေနဲ့ပဲ တွဲဝတ်ရမယ်ဆိုတဲ့ ခေတ်က ကုန်သွားပါပြီ။ ယနေ့ခေတ်မှာတော့ ဂါဝန်အရှည်လေးတွကို အားကစားဖိနပ်နဲ့ တွဲဝတ်တာကလည်း ဖက်ရှင်တစ်မျိုးပါပဲ။ ဒေါက်မြင့်မကြိုက်တဲ့ ပျိုမေလေးတွေအတွက်ကတော့ ဂါဝန်အရှည်ကို Sneakers လေးနဲ့ တွဲဝတ်ပေးလိုက်ပေါ့။

သားရေဂျက်ကတ်နဲ့ တွဲဝတ်ပါ

ကမ်းခြေသွားတဲ့ အခါ ဦးထုပ်တို့ နေကာမျက်မှန်တို့နဲ့ တွဲဝတ်ပါ

ကမ်းခြေသွားရင် ဂါဝန်အရှည်လေး ဝတ်လိုက်မယ်ဆိုရင်ဖြင့် သင့်ကို အထာကျလှပစေမှာ အမှန်ပါပဲ။

အတိုအရှည်မညီတဲ့ ဂါဝန်လေးတွေကလည်း သင့်ကို စတိုင်ကျလှပစေမှာပါ

အစင်းကျားများ၊ ပန်းပွင့်ပုံ ဂါဝန်အရှည်များ ဝတ်ဆင်ခြင်းက သူမတူတဲ့ ဖက်ရှင်စတိုင်လ် ဖန်တီးပေးမှာပါ

အသုံးအဆောင်လေးတွေနဲ့ တွဲဝတ်ပါ

လက်ကောက်၊ နားဆွဲ၊ ဆွဲကြိုးစတဲ့ မိမိဂါဝန်အဆင်လေးနဲ့ လိုက်ဖက်မယ့် အသုံးအဆောင်ပစ္စည်းလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Source: Brightside.me