[Zawgyi]

လွပတဲ့မ်က္ဝန္းတစ္စံုကို ပိုင္ဆိုင္ခ်င္တာက လူတိုင္းရဲ႕ဆႏၵပါပဲ။ လူတစ္ေယာက္မွာ ဆြဲေဆာင္မႈအရွိဆံုးကလည္း မ်က္လံုးဆိုေတာ့ မ်က္လံုးေလးေတြက ရြန္းစိုၿပီးလွပေနဖို႔က အေရးႀကီးဆံုးပဲေပါ႔။ ဒီတစ္ခါမွာေတာ့ ပ်ိဳေမတို႔အလွျပင္တဲ့အခါမွာ အသံုးျပဳေနက်ျဖစ္တဲ့ Mascara ကို နည္းလမ္းတက် အသံုးျပဳလို႔ရေစမယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ေအာက္ေျခကေနအေပၚကို

မ်က္ေတာင္ေလးေတြေပၚကို Mascara ဆိုးတဲ့အခါမွာ မ်က္ေတာင္အရင္းကေနစၿပီး ဆြဲေပးဖို႔လိုပါတယ္။ ဒါမွာလည္း Mascara ေတြကညီညီညာညာေလးနဲ႔ သပ္သပ္ရပ္ရပ္ဆြဲလို႔ရမွာေပါ႔။

ေအာက္ကေနအေပၚ၊ ေဘးဘက္

Mascara ဆြဲတဲ့အခါမွာ ေအာက္ကေနအေပၚကိုပဲ ဆြဲေနလို႔မရပါဘူး။ ေဘးဘက္ေတြကိုလည္း ျဖန္႔ၿပီးဆြဲမွ လွပၿပီးေကာ့ညြတ္ေနတဲ့ မ်က္ေတာင္မ်ိဳးကို ရရွိမွာပဲျဖစ္ပါတယ္။ ဒါမွလည္း မ်က္ေတာင္ေတြကတစ္ခုနဲ႔တစ္ခု ကပ္မသြားပဲ လွလွပပေလးျဖစ္ေနမွာေပါ႔။

မေပပြေအာင္

ေတာ္ေတာ္မ်ားမ်ားက Mascara ဆြဲတဲ့အခါမွာ မ်က္ခြံေတြေပၚမွာ ေပက်ံသြားတာကမ်ားပါတယ္။ ဒီလိုမျဖစ္ေအာင္ ဇြန္း ဒါမွမဟုတ္ ကတ္ထူတစ္ခုေလာက္ကို ခံၿပီးဆြဲမယ္ဆိုရင္ေတာ့ ေပပြတာေတြမရွိဘဲ သပ္သပ္ရပ္ရပ္ျဖစ္သြားေစမွာေပါ႔။

ျပန္ဖ်က္ဖို႔ဆိုရင္

မ်က္ခြံေတြေပၚမွာပဲျဖစ္ျဖစ္ မ်က္လံုးနားတစ္ဝိုက္မွာ Mascara ေတြေပသြားမယ္ဆိုရင္ လက္နဲ႔ပြတ္မဖ်က္လိုက္နဲ႔ေနာ္။ လက္နဲ႔ပြတ္ၿပီးဖ်က္ရင္ ပိုၿပီးေပပြသြားႏိုင္တာေၾကာင့္ နားၾကပ္တဲ့ဂြမ္းေလးမွာ မိတ္ကပ္ဖ်က္ေဆးတို႔ၿပီးဖ်က္ေပးလိုက္ရင္ လြယ္ကူၿပီးအဆင္ေျပေစတာေပါ႔။

ေသခ်ာျပန္ဖ်က္ဖို႔

Mascara ကိုဆိုးၿပီးသြားလို႔ မိတ္ကပ္ေတြကို ျပန္ဖ်က္တဲ့အခါမွာ ေသခ်ာေျပာင္စင္ေအာင္ ဖ်က္ေပးဖို႔လိုပါတယ္။ မ်က္ေတာင္ေတြမွာရွိေနတဲ့ Mascara ေတြကို ေသခ်ာေျပာင္ေအာင္ မဖ်က္ေပးဘူးဆိုရင္ မ်က္ေတာင္ေတြက ထူထူခဲခဲႀကီးျဖစ္ၿပီး မ်က္ေတာင္ေတြကို ကၽြတ္ေစဖို႔အလားအလာပိုမ်ားလာပါလိမ့္မယ္။

ဒါေတြကေတာ့ အလွႀကိဳက္တတ္တဲ့ ပ်ိဳေမတို႔အေနနဲ႔ Mascara ဆိုးတဲ့အခါမွာ သိမွတ္ထားသင့္တဲ့အရာေတြပဲျဖစ္ပါတယ္။

[Unicode]

လှပတဲ့မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ချင်တာက လူတိုင်းရဲ့ဆန္ဒပါပဲ။ လူတစ်ယောက်မှာ ဆွဲဆောင်မှုအရှိဆုံးကလည်း မျက်လုံးဆိုတော့ မျက်လုံးလေးတွေက ရွန်းစိုပြီးလှပနေဖို့က အရေးကြီးဆုံးပဲပေါ့။ ဒီတစ်ခါမှာတော့ ပျိုမေတို့အလှပြင်တဲ့အခါမှာ အသုံးပြုနေကျဖြစ်တဲ့ Mascara ကို နည်းလမ်းတကျ အသုံးပြုလို့ရစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အောက်ခြေကနေအပေါ်ကို

မျက်တောင်လေးတွေပေါ်ကို Mascara ဆိုးတဲ့အခါမှာ မျက်တောင်အရင်းကနေစပြီး ဆွဲပေးဖို့လိုပါတယ်။ ဒါမှာလည်း Mascara တွေကညီညီညာညာလေးနဲ့ သပ်သပ်ရပ်ရပ်ဆွဲလို့ရမှာပေါ့။

အောက်ကနေအပေါ်၊ ဘေးဘက်

Mascara ဆွဲတဲ့အခါမှာ အောက်ကနေအပေါ်ကိုပဲ ဆွဲနေလို့မရပါဘူး။ ဘေးဘက်တွေကိုလည်း ဖြန့်ပြီးဆွဲမှ လှပပြီးကော့ညွတ်နေတဲ့ မျက်တောင်မျိုးကို ရရှိမှာပဲဖြစ်ပါတယ်။ ဒါမှလည်း မျက်တောင်တွေကတစ်ခုနဲ့တစ်ခု ကပ်မသွားပဲ လှလှပပလေးဖြစ်နေမှာပေါ့။

မပေပွအောင်

တော်တော်များများက Mascara ဆွဲတဲ့အခါမှာ မျက်ခွံတွေပေါ်မှာ ပေကျံသွားတာကများပါတယ်။ ဒီလိုမဖြစ်အောင် ဇွန်း ဒါမှမဟုတ် ကတ်ထူတစ်ခုလောက်ကို ခံပြီးဆွဲမယ်ဆိုရင်တော့ ပေပွတာတွေမရှိဘဲ သပ်သပ်ရပ်ရပ်ဖြစ်သွားစေမှာပေါ့။

ပြန်ဖျက်ဖို့ဆိုရင်

မျက်ခွံတွေပေါ်မှာပဲဖြစ်ဖြစ် မျက်လုံးနားတစ်ဝိုက်မှာ Mascara တွေပေသွားမယ်ဆိုရင် လက်နဲ့ပွတ်မဖျက်လိုက်နဲ့နော်။ လက်နဲ့ပွတ်ပြီးဖျက်ရင် ပိုပြီးပေပွသွားနိုင်တာကြောင့် နားကြပ်တဲ့ဂွမ်းလေးမှာ မိတ်ကပ်ဖျက်ဆေးတို့ပြီးဖျက်ပေးလိုက်ရင် လွယ်ကူပြီးအဆင်ပြေစေတာပေါ့။

သေချာပြန်ဖျက်ဖို့

Mascara ကိုဆိုးပြီးသွားလို့ မိတ်ကပ်တွေကို ပြန်ဖျက်တဲ့အခါမှာ သေချာပြောင်စင်အောင် ဖျက်ပေးဖို့လိုပါတယ်။ မျက်တောင်တွေမှာရှိနေတဲ့ Mascara တွေကို သေချာပြောင်အောင် မဖျက်ပေးဘူးဆိုရင် မျက်တောင်တွေက ထူထူခဲခဲကြီးဖြစ်ပြီး မျက်တောင်တွေကို ကျွတ်စေဖို့အလားအလာပိုများလာပါလိမ့်မယ်။

ဒါတွေကတော့ အလှကြိုက်တတ်တဲ့ ပျိုမေတို့အနေနဲ့ Mascara ဆိုးတဲ့အခါမှာ သိမှတ်ထားသင့်တဲ့အရာတွေပဲဖြစ်ပါတယ်။