အောင်မြင်တဲ့ Beauty Blogger ကနေ မင်းသမီးတစ်လက်ဖြစ်လာခဲ့တဲ့ အားလုံးရဲ့ အချစ်တော် ချီချီကတော့ မကြာခင်မှာ အသက် ၂၇ နှစ်ပြည့်တော့မှာပါ။ မွေးနေ့မှာ သီလရှင်ဝတ်မယ်လို့ သူမကြိုတင်ပြောခဲ့ဖူးသလို မွေးနေ့နားနီးလာတဲ့အခါမှာတော့ သူမက မွေးနေ့ အကြို အလှူလေးကို စတင်ပြုလုပ်လိုက်တာပါ။

ရိုးရိုးရှင်းရှင်းနဲ့ ပကာသနမပါတဲ့ သူမရဲ့ အလှူလေးကတော့ တကယ်ကို သာဓုခေါ်စရာပါပဲ။ “ဒီနှစ်ကိုတော့ မွေးနေ့ပွဲတွေမလုပ်ဘဲ Beautybynaychi Followers တွေနဲ့အတူတူကုသိုလ်ယူရအောင် အလှူတွေလုပ်မယ် သီလရှင်ဝတ်ပြီးကုသိုလ်ယူမယ်လို့ စီစဉ်ထားပါတယ်။ ဒီနှစ်မွေးနေ့ ၂၅ ရက်နေ့ကနေခြည် တောင်ကြီးမှာရူတင်ရှိနေတာမို့ မွေးနေ့အလှူလေးတွေကို စောလုပ်ဖြစ်တယ် ။ ဒီနေ့ ကတော့ မွေးနေ့အတွက် ပထမဆုံးအလှူလေးပေါ့။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ လှူချင်တာမို့ အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက် ၊ အလယ်ရွာ ၊ ရွှေပြည်သာတံတာအဆင်း၊ လှိုင်သာယာ မှာ သွားရောက် လှူဒါန်းဖြစ်ခဲ့တယ်။

ဒီကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသား မူလတန်းကနေ အထက်တန်းအထိ (2515) ဦးတောင်ရှိတယ်။ ကိုရင်လေးတွေ၊ သီလရှင်ဆရာလေးတွေလည်း ပါတာပေါ့နော်။ နေခြည်က အိမ်ကနေထဲက နေခြည့်ရဲ့အဝတ်အစားတွေ လှူဖို့ယူသွားတယ်။ မုန့်၊ပဲနို့၊အရုပ်တွေ ဝယ်သွားတယ်။

စာသင်ကျောင်းမှာ နေတဲ့မိန်းကလေးတွေအတွက် လစဉ်သုံးပစ္စည်းတွေလည်း နေခြည်လှူဒါန်းခဲ့ပါတယ်။ ကျောင်းသူ၊ကျောင်းသား အယောက် (၂၅၁၅)ယောက်အတွက် အဆာပြေမုန့်တွေ လည်း လှူဒါန်းဖြစ်တယ်။

January born ကလေးတွေနဲ့အတူ ကိတ်ခွဲတဲ့အချိန်ကတော့ ဒီနေ့ရဲ့ အပျော်ဆုံးချိန်ထဲက တခုပေါ့ တကယ့်ကလေးသေးသေးလေးတွေကနေ ၁၅/၁၆/၁၇ အရွယ်လေးတွေကော ၊ ကိုရင်လေးတွေ၊သီလရှင်ဆရာလေး ၁၀၀ ကျော်လောက်နဲ့အတူ Happy Birthday သီချင်းတူတူဆို၊ ဖယောင်းတိုင်မီးမှုတ် ၊ ကိတ်ခွဲနဲ့ ပုံတွေထဲမှာသာကြည့်လိုက်တော့ ပျော်နေပုံတွေကို။

နေခြည်ရဲ့ Beautybynaychilabel your social media BFF book  လေးတွေကိုလည်း ကိုးတန်း၊ ဆယ်တန်းကျောင်းသူလေး ၁၄၀ ကျော်ကို လက်ဆောင်လေးပေးခဲ့သေးတယ်။” ဆိုပြီးသူမရဲ့ အလှူအကြောင်းကို Beautybynaychi  Page မှာ မျှဝေပေးထားတာပါ။ အလှူရဲ့ ပုံရိပ်တွေကိုလည်း ကြည်နူးစရာ မြင်တွေ့ရမှာပါ။

မကြာခင်မှာ ကျရောက်တော့မယ့် ချီချီ့ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းလေးတွေလည်း ပြောသွားပေးပါဦးနော်။ နေခြည်ဦး တစ်ယောက် ဒီထက်ပိုပြီးအဆပေါင်းများစွာအောင်မြင်စေဖို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။

Photos credit- Beautybynaychi Page