အားလုံးပဲ မင်္ဂလာပါ။ လှပနူးညံ့တဲ့ နှုတ်ခမ်းတစ်စုံကို မိန်းကလေးတိုင်းက ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ ပြင်းပြတဲ့နေရောင်ခြည်ဒဏ်၊ ဆေးလိပ်သောက်ခြင်းနဲ့ ကာဖိန်းဓာတ်တွေက နှုတ်ခမ်းသားလေးပျက်စီးစေတဲ့ တရားခံတွေပါပဲ။

နှုတ်ခမ်းသားလေးခြောက်သွေ့ပြီး ပျက်စီးလာပြီဆိုရင် သဘာဝအတိုင်းပြန်လည်နူးညံ့လာစေမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

သကြားနဲ့ ပွတ်တိုက်ပြီး ကြေးချွတ်ပေးခြင်း

သကြား စားပွဲတင်ဇွန်း ၃ ဇွန်းကို ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သမအောင်မွှေပေးပြီး နှုတ်ခမ်းကို တစ်ပတ်သုံးကြိမ်လောက် ပွတ်တိုက်ပေးလိုက်ပါ။ ပျက်စီးနေတဲ့ ဆဲလ်သေတွေ ပြန်လည်အားပြန်ပြည့်လာပါလိမ့်မယ်။

ပျားရည်

ညအိပ်ရာဝင်ခါနီးမှာ နှုတ်ခမ်းပေါ်ကို ပျားရည်သုတ်လိမ်းထားပြီးမှ အိပ်ရာဝင်လိုက်ပါ။ နှစ်ပတ်လောက် ညတိုင်းပုံမှန်ပြုလုပ်ပေးလိုက်မယ်ဆိုရင် နှုတ်ခမ်းအရောင်က ညိုပုတ်ပုတ်ဖြစ်နေရာကနေ သိသိသာသာပြောင်းလဲသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

သံပုယိုသီး

လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုယိုရည်များကို နှုတ်ခမ်းပေါ် သုတ်လိမ်းပြီး နှုတ်ခမ်းကို နှိပ်နယ်ပေးလိုက်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းသားလေးပန်းရောင် သမ်းလာပါလိမ့်မယ်။

ရေခဲတုံး

ရေခဲတုံးကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးခြင်းကလည်း နှုတ်ခမ်းလေး ပန်းရောင်သမ်းဖို့ ကူညီပေးပါလိမ့်မယ်။

ဘယ်ရီသီးများ

စတော်ဘယ်ရီသီး (သို့) ဘယ်ရီသီးများကို ပျားရည်နဲ့ ရှားစောင်းလက်ပတ်ဂျယ်များနဲ့ ကြိတ်ချေပြီး အနှစ်လေးများရအောင် ပြုလုပ်လိုက်ပါ။ နှုတ်ခမ်းပေါ်သုတ်လိမ်းပြီး ၅ မိနစ်ခန့်ကြာမှ ရေဆေးချလိုက်ပါ။ ပြီးတော့ Lip Balm လေး ပြန်လိမ်းပေးလိုက်ပါ။

သံလွင်ဆီ

သံလွင်ဆီ စစ်စစ်နဲ့ နှုတ်ခမ်းပေါ်ကို အသာအယာသုတ်လိမ်းပြီး နှိပ်နယ်ပေးလိုက်ပါ။ အိပ်ရာဝင်ခါနီးတိုင်း ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းအတွက် လိုအပ်တဲ့အာဟာရဓာတ်များ ရရှိနိုင်ပါတယ်။

Source: www.onlymyhealth.com