အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ်မှာတော့ ဂျိုင်းမွှေးများကို လျင်လျင်မြန်မြန်နဲ့ လွယ်လွယ်ကူကူဖယ်ရှားပေးနိုင်မယ့် နည်းလမ်းတွေကတော့ အများအပြားရှိပါတယ်။

ဂျိုင်းမွှေးရိတ်စက်နဲ့ရိတ်လို့လည်း ရသလို

ဇာဂနာလေးနဲ့လည်း ဆွဲနှုတ်လို့ရပါတယ်။ ဒါပေမဲ့ ဇာဂနာနဲ့ နှုတ်တာက အနည်းငယ်တော့ နာကျင်ပါတယ်။

နောက်ထပ်မနာကျင်စေတဲ့ နည်းလမ်းကတော့ ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ခရင်မ်အသုံးပြုပြီး ဖယ်ရှားခြင်းပဲဖြစ်ပါတယ်။

အဲ့ဒီလိုနည်းလမ်းအမျိုးမျိုးရှိပေမယ့် ဒီတစ်ခါမှာတော့ ဂျိုင်းမွှေးတွေကိုလည်း ဖယ်ရှားပေးပြီး ဂျိုင်းကြားအသားအရေကို ဖြူဝင်းစေမယ့် သဘာဝနည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။

နည်းလမ်း ၁

နနွင်းမှုန့် ပန်းကန်လုံး လေးပုံ တစ်ပုံခန့်၊ နှင်းဆီရည် (သို့) နွားနို့ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပုဝါတစ်ထည်တို့ လိုအပ်ပါမယ်။ နနွင်းမှုန့်၊ နှင်းဆီရည် (သို့) နွားနို့တို့ကို ရောနှောလိုက်ပြီး ရလာတဲ့အနှစ်တွေကို ဂျိုင်းပေါ်မှာသုတ်လိမ်းလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ပုဝါလေးကို ရေနွေးနွေးနဲ့ စွတ်လိုက်ပြီး ဂျိုင်းပေါ်က နနွင်းအနှစ်များကို ဖယ်ရှားလိုက်ပါ။ ဒီနည်းလမ်းကို နေ့တိုင်းပြုလုပ်ပေးလို့ရပါတယ်။

ဒုတိယမြောက်နည်းလမ်းလေးကတော့ Waxing ပြုလုပ်တဲ့နည်းလမ်းဖြစ်တဲ့အတွက်ကြောင့် ပိုပြီးထိရောက်မှုရှိပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ သကြား ပန်းကန်လုံး ၂ လုံးစာ၊ ရေ ပန်းကန်လုံး လေးပုံတစ်ပုံခန့်၊ ပျားရည်နဲ့ သံပုယိုရည် ပန်းကန်လုံးလေးပုံတစ်ပုံခန့်စီလိုအပ်ပါမယ်။

Photo Source: www.favorablethings.com

ပါဝင်ပစ္စည်းတွေကို အိုးတစ်လုံးထဲထည့်ပြီး အနိမ့်ဆုံးမီးအပူချိန်နဲ့ နာရီဝက်ခန့်ထည်ထားရပါမယ်။ အညိုရင့်ရောင်သမ်းလာတဲ့အခါ မီးဖိုပေါ်ကချလိုက်ပြီး အခန်းအပူချိန်နဲ့ အအေးခံထားပါ။ ဂျိုင်းကို ရေစင်အောင် ဆေးပေးပြီး ခြောက်အောင်သုတ်ကာ ဘေဘီပေါင်ဒါလိမ်းလိုက်ပါ။ ပြီးတဲ့အခါမှာတော့ အအေးခံထားတဲ့ ဖယောင်းအနှစ်များကို ဂျိုင်းပေါ်မှာသုတ်လိမ်းလိုက်ပါ။ သုတ်လိမ်းထားတဲ့ဖယောင်းကို ခြောက်လာအောင်လို့ မိနစ်အနည်းငယ်လောက်ထားလိုက်ပါ။ ပြီးမှ ကပ်ထားတဲ့ဖယောင်းကို ဖယ်ရှားလိုက်လို့ရပါပြီ။ ပြီးရင် ကြက်သီးနွေးရေနွေးနဲ့ ဆပ်ပြာနဲ့အသုံးပြုပြီး သန့်စင်ပေးလိုက်ပါ။ နောက်ဆုံးမှာတော့ အစိုဓာတ်ရရှိအောင်လို့ Moisturizer ခရင်မ်လေးလိမ်းပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ဂျိုင်းမွှေးတွေလည်း အကုန်အစင်ပြောင်စင်သွားမယ့်အပြင် ဂျိုင်းကြားအသားအရေလည်းဖြူဝင်းလာပါလိမ့်မယ်။

Source: Stylecraze.com