အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ်မှာ ပျိုမေလေးတွေက မိတ်ကပ်အထူကြီးတွေ မလိမ်းကြတော့ဘဲ မိတ်ကပ်ပါးပါးလျလျလေးတွေ လိမ်းရတာကို ပိုကြိုက်နှစ်သက်ကြပါတယ်။

မိတ်ကပ်ပါးပါးလေးတွေက ထသွားထလာလည်း ပြင်ဆင်ရတာ လွယ်ကူသလို၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ ချိန်းထားလို့ပဲဖြစ်ဖြစ် သဘာဝဆန်တဲ့အလှလေးလိုချင်သူများအတွက် သင့်တော်တဲ့ မိတ်ကပ်ပုံစံလေးတွေပါ။

နေ့ရက်တိုင်း၊ အချိန်တိုင်းမှာ ပြီးပြည့်စုံတဲ့ သဘာဝအလှလေးပိုင်ဆိုင်ချင်သူများအတွက် ပေါ့ပေါ့ပါးပါးမိတ်ကပ်ပြင်ဆင်နည်းများကို ဝေမျှပေးလိုက်တယ်နော်။

အဆင့် ၁

ပထမအဆင့်အနေနဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာကို အရင်သစ်ပေးလိုက်ပါ။ ပြီးရင် တိုနာလိမ်းမယ်၊ တိုနာလိမ်းပြီးတဲ့အခါ Moisturizing ခရင်မ်လေး လိမ်းပေးပါ။ ပြီးရင် မိတ်ကပ်သားလေး တစ်နေကုန် တာရှည်ခံပြီး မိတ်ကပ်မကွက်ဘဲ ညီညာနေအောင်လို့ Primer လိမ်းပေးလိုက်ပါ။

အဆင့် ၂

ဒုတိယအဆင့်အနေနဲ့ မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းလေးရွေးချယ်ပြီး ဘရက်ရှ်၊ ဒါမှမဟုတ် ရေမြှုပ်လေးနဲ့ ညင်ညင်သာသာလေးပွတ်ပေးလိုက်ပါ။

အဆင့် ၃

ပြီးရင် မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေကို ဖုံးဖိထားဖို့အတွက် ကွန်စီလာလေး အခုလိုလိမ်းပေးလိုက်ပါ။

အဆင့် ၎

မျက်နှာမိတ်ကပ်လိမ်းပြီးတဲ့အခါ မျက်လုံးမိတ်ကပ်ကို စတင်လိမ်းခြယ်ပါမယ်။ မျက်တောင်လေးကော့ညွှတ်နေဖို့အတွက် အရင်ဆုံး မျက်တောင်ကော့စက်နဲ့ ကော့ပေးလိုက်ပါ။ ပြီးရင် မျက်တောင်ကော့ဆေးအသုံးပြုပြီး ရှည်လျားတဲ့ မျက်တောင်လှလှလေးတွေ ပိုင်ဆိုင်နိုင်ပါတယ်။ ဒီ့ထက်ပိုလှတဲ့ မျက်ဝန်းတစ်စုံပိုင်ဆိုင်ချင်တယ်ဆိုရင် လိုင်နာလေးပါ ထပ်ဆိုးပေးလိုက်ပါ။

အဆင့် ၅

ပြီးရင် Bronzer လေး လိမ်းပေးလိုက်ပါ။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါးမိတ်ကပ်ပြင်ဆင်ချင်တာဆိုတော့ Bronzer အများကြီးမယူဘဲ နည်းနည်းလေးပဲ လိမ်းကျံရမယ်နော်။

အဆင့် ၆

နောက်တစ်ဆင့်အနေနဲ့ ပါးနီပါးပါးလေး ခြယ်ပေးလိုက်ပါ။

အဆင့် ၇

နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းဖူးဖူးလေးရသွားအောင်လို့ နှုတ်ခမ်းနီဆိုးပေးလိုက်ပါ။

ကဲ…ဒါဆိုရင်တော့ နေ့ရက်တိုင်းမှာ ပေါ့ပေါ့ပါးပါးလေးနဲ့ မိတ်ကပ်လိမ်းထားမှန်းမသိသာစေဘဲ ပြစ်မျိုးမှဲ့မထင်တဲ့ သဘာဝအလှလေးပိုင်ဆိုင်နိုင်ပြီပေါ့။

Source: www.stylecraze.com