အားလုံးပဲမင်္ဂလာပါနော်။ အလှအပဂရုစိုက်တဲ့ပျိုမေတို့ကတော့ လက်သည်းလေးတွေ အမြဲတမ်းလှနေဖို့ ဂရုစိုက်ကြမယ်လို့ ယုံကြည်ပါတယ်။ လက်သည်းလေးတွေ အမြဲတမ်း အက်နေတာမျိုး၊ ကျိုးကြေလွယ်တာမျိုးမဖြစ်စေဖို့နဲ့ လှပတဲ့လက်သည်းလေးတွေပိုင်ဆိုင်စေဖို့အတွက် ပျိုမေတို့အားလုံး မဖြစ်မနေသိထားသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ သွားတိုက်ဆေး

လက်သည်းလေးတွေ သန့်ရှင်းခိုင်မာဖို့အတွက်၊ လက်သည်းဝါတာလေးတွေ သက်သာပျောက်ကင်းစေဖို့ သွားတိုက်ဆေးက မဖြစ်မနေလိုအပ်ပါတယ်။ သွားတိုက်ဆေးနည်းနည်းကို လက်သည်းလေးတွေမှာလိမ်းပေးပြီး သွားတိုက်တံနဲ့ ပွတ်ပေးလိုက်ပါ။

၂။ Petroleum Jelly

Vaseline Petroleum Jelly က လက်သည်းလေးတွေကို သန်စွမ်းစေသလို စိုပြေစေပါတယ်။ လက်သည်း အက်တာတာမျိုးခြောက်တာမျိုးအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် လက်သည်းနီဘူး ခြောက်မျိုးမဖြစ်ရလေအောင် လက်သည်းနီဘူးအဖုံးပိတ်တဲ့အခါ အဖုံးအရစ်နားကို လိမ်းပေးလိုက်ပါ။

၃။ ရေခဲရေ

လက်သည်းနီဆိုးပြီးရင်လက်သည်းခြောက်ဖို့ စောင့်ရပါတယ်။ရေခဲရေနဲ့စိမ်ပေးမယ်ဆိုရင်တော့ လက်သည်းနီကို အမြန်ဆုံးခြောက်စေမှာပါ။

၄။ အောက်ခံတစ်ထပ်ခံဆိုးပါ

လက်သည်းနီဆိုးတဲ့အခါ လက်သည်းပျက်စီးတာ သက်သာဖေို့အတွက် လက်သည်းအောက်ခံ အကြည်ဆိုးပေးပြီး လက်သည်းနီဆိုးပါ။ ပြီးရင် အပေါ်ကနေလည်း ထပ်ပြီး အကြည်တစ်ထပ်ဆိုးပေးပါ။

၅။ မိတ်ကပ်ဖော့

မိတ်ကပ်ဖော့ကို လက်သည်းနီ အလက်လေးတွေထည့်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ မိတ်ကပ်လိမ်းတဲ့ဖော့ပေါ်မှာ လက်သည်းနီ အလက်လေးတင်လိုက်ပါ။ ဖော့က လက်သည်းနီအရည်တွေကို စုပ်ယူသွားမှာပါ။ ကျန်တဲ့ လက်သည်းနီအလက်လေးတွေကို လက်သည်းပေါ်မှာ တင်ပေးလိုက်ပါ။ အဲဒီနောက် အကြည်တစ်ထပ်ဆိုးလိုက်ပါ။

၆။ လက်သည်းနီဘူးကို ခါလိုက်မယ့်အစား လိမ့်ပေးလိုက်ပါ

လက်သည်းနီဆိုးတော့မယ်ဆိုရင် ဘူးကို ခါတတ်ကြပါတယ်။ ခါလိုက်မယ့်အစား လိမ့်ပြီး သုံးပေးပါ။ ဒီလိုလုပ်ပေးတာက လက်သည်းနီ အရည်တွေကို ပိုပြီး နှံ့စပ်စေပါတယ်။

Source: www.herbeauty.com

By: MyStyle Myanmar