အားလုံးပဲ မင်္ဂလာပါ။ လက်သည်းအရှည်ထားရတာ ကြိုက်နှစ်သက်တဲ့ ပျိုမေလေးတွေ၊ လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့ ပျိုမေလေးတွေအတွက် ဆိုင်သွားပြီး လက်သည်းပုံဖော်တာပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ အိမ်မှာလက်သည်းနီဆိုးပြီး ဒီဇိုင်းဖော်တာပဲဖြစ်ဖြစ် ပြုလုပ်လို့ရအောင် လက်သည်းနီ ဒီဇိုင်းလှလှလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

လုပ်ရတာသိပ်မခက်တဲ့အတွက်ကြောင့် အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ပုံဖော်လို့ရမယ့် လက်သည်းဒီဇီုင်းလေးတွေပါ။ ဘယ်လိုလက်သည်းဒီဇိုင်းဖြစ်မလဲဆိုတာကို အတူတူဆက်ကြည့်လိုက်ရအောင်နော်။

အပြာခံပေါ်မှာ ရိုးရိုးရှင်းရှင်းပုံဖော်မယ်

လက်သည်းတစ်ရောင်တည်း မဆိုးဘဲ သုံးရောင် စပ်ဆိုးမယ်

ရိုးရိုးရှင်းရှင်းလက်သည်းနီ ဒီဇိုင်းများ

အနည်းငယ် ဆန်းပြားစွာ ပုံဖော်မယ်

တြိဂံပုံ ဒီဇိုင်းဖော်လိုက်ပါ

မစ်ကီးမောက်စ်ကာတွန်းပုံ လက်သည်းဒီဇိုင်းများ

ကြောင်ရုပ်နဲ့ ကြောင်ခြေရာလေးများ

နေကြာပန်းပုံလက်သည်းနီ

ပျိုမေလေးတို့ရေ… အခုဖော်ပြပေးသွားတဲ့ လက်သည်းနီဒီဇိုင်းလေးတွေကို စိတ်တိုင်းကျကြရဲ့လား။ နောက်နေ့တွေမှာလည်း နောက်ထပ်လက်သည်းနီ ဒီဇိုင်းလှလှလေးတွေကို ဆက်လက်ဝေမျှသွားမှာမို့လို့ ဆက်လက်အားပေးကြဖို့ မမေ့နဲ့နော်။

Photo Source: Pinterest.com