ဓာတ်ပုံအသင်း နှင့် MSR ၊ ပါရမီ ၊ JTB ၊ Blue Ocean နှင့် Mango Group တို့ ဦးဆောင်သည့် စုပေါင်းကုမ္ပဏီများမှ အတူတကွ ပူးပေါင်းလက်တွဲကြပြီး My Beautiful Rakhine ဓာတ်ပုံပြိုင်ပွဲကို စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ထိုပြိုင်ပွဲတွင် ဝါသနာရှင်များ၊ ပညာရှင်များ၊ ဓာတ်ပုံဆရာများ အပါအဝင် တီထွင်ဆန်းသစ်လိုစိတ်ရှိသူများ အားလုံးကို ရခိုင်ပြည်နယ်ရှိ လှပသော ကမ်းခြေများ၊ လယ်ယာမြေများ နှင့် ပုံရိပ်များကို ပြိုင်ပွဲမှတဆင့် မျှဝေပေးနိုင်ရန်အတွက် ဖိတ်ခေါ်ထားပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဓာတ်ပုံပြိုင်ပွဲကို အားလပ်ရက်တွေမတိုင်ခင်မှာ စတင်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းကတော့ ရခိုင်ပြည်နယ်ရဲ့ လူသိနည်း ရှုထောင့်၊ အသွင်အပြင်တွေကို သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ” ဟု MSR မှ ဦးကျော်လှိုင်က ရခိုင်ပြည်နယ်မှာ လူအများသတိမထားမိသေးတဲ့ အခွင့်အလမ်းကောင်းတွေ၊ အများစု မမြင်တွေ့ဖူးသေးတဲ့ ထူးခြားပြီး ရင်သပ်ရှုမောရလောက်တဲ့ သဘာဝရေမြေတောတောင် အလှတွေလည်း များစွာရှိပါတယ်။ အစပြုလို့ စိမ်းလန်းတဲ့ လယ်ကွင်းတွေ၊  နာမည်ကျော်ကြားတဲ့ ကမ်းခြေတွေထဲက တစ်ခုဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ် ခရီးသွားများ TripAdvisor ရဲ့ ကမ္ဘာ့အကောင်းဆုံး ကမ်းခြေများ စာရင်းဝင် ငပလီကမ်းခြေတို့လည်း ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်ကို ခရီးသွားမယ့် သူတွေ၊ လက်ရှိ ဒီပြည်နယ်ထဲမှာ ပါဝင်ကြဖို့နဲ့ ရခိုင်ပြည်နယ်ရဲ့ လူသိများ လည်ပတ်စရာနေရာဒေသတွေ၊ အတွေ့အကြုံတွေ ကို မျှဝေပေးကြဖို့ တိုက်တွန်းလိုပါတယ်။”

၁၉၅၀ ခုနှစ်မှ စတင်ခဲ့ပြီး ဓာတ်ပုံအသင်းသည် ဓာတ်ပုံဆရာများကို အကောင်းဆုံး ရုပ်ထွက်များ ရရှိဖန်တီးနိုင်ကြစေရန် ကူညီပေးလျက်ရှိပြီး ပြိုင်ပွဲပေါင်းမျာစွာကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးခဲ့ပြီးပါပြီ။ ထို့ကြောင့် ဓာတ်ပုံအသင်းသည် ပြိုင်ပွဲကျင်းပမှု အတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားခြင်းကြောင့် ယခုကဲ့သို့ ဓာတ်ပုံပြိုင်ပွဲကို ဓာတ်ပုံအရည်အသွေး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် ရခိုင်ပြည်နယ်၏ သစ်လွင်သော ရှုထောင့်များကို အကောင်းဆုံး ဓာတ်ပုံများကိုလည်း အကဲဖြတ်ပေးသွား နိုင်မှာပါ။

ဓာတ်ပုံရိုက်တာကို ပိုပြီး စိတ်ဝင်စားလာကြတယ်၊ နှစ်ခုစလုံးကိုလည်း ပိုပြီး ခရီးသွားလာကြတာကို ခရီးသွားပြီဆိုရင်လည်း သွားတဲ့ အထူးသဖြင့် သဘာဝအလှတရားကို ဓာတ်ပုံတွေကို မျှဝေလာကြတယ်။ ဒီလို ဓာတ်ပုံပိုင်းဆိုင်ရာမှာ အရည်အချင်းရှိတဲ့သူတွေ ပိုမိုများပြားလာတာကို အင်မတန် ဝမ်းသာမိပါတယ်။ ဓာတ်ပုံပညာရပ်ကိုလည်း ထဲထဲဝင်ဝင် လာစေဖို့အတွက်လည်း ဆက်လက်လုပ်ဆောင်လိုပါတယ်။” ဟု ဓာတ်ပုံအသင်းမှ ဦးကျော်ကျော်ဝင်းက ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲဝင်ဓာတ်ပုံများအားလုံးဟာ ပိုင်ရှင်ကိုယ်တိုင်မှ ရိုက်ယူထားပြီး ၁၀၀ ရာခိုင်နှုန်း စစ်မှန်၊ မှန်ကန်မှု ရှိရမည် အနည်းဆုံး 12megapixels ကြည်လင်ပြတ်သားမှု အရည်အသွေး ရှိရပါမယ်။ ပြိုင်ပွဲဝင်များအနေနှင့် ဤပြိုင်ပွဲတွင် ပါဝင်ရန် နည်းလမ်း နှစ်သွယ်ရှိပြီး ပထမတစ်ခုမှာ ၎င်းတို့၏ လူမှုကွန်ရက် အကောင့်များ (Publicly) တွင် hashtag နှစ်ခုဖြစ်သော တင်ခြင်း (သို့မဟုတ်) ပြိုင်ပွဲFacebook Messenger သို့ ဓာတ်ပုံခေါင်းစဉ် နှင့် အခြားသော အချက်အလက်များ ( အမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်) စသဖြင့် ပါဝင်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များအနေဖြင့် ဓာတ်ပုံကို အကောင်းဆုံးရည်ညွှန်းဖော်ပြနိုင်သော စာကြောင်းတစ်ကြောင်းလည်း ပါရှိရပါမယ်။

ပေးပို့လာသော ပြိုင်ပွဲဝင်ဓာတ်ပုံများအားလုံးကို မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှ ခန့်အပ်ထားရှိသော ကျွမ်းကျင်ဓာတ်ပုံဆရာများ ပါဝင်သည့် အကဲဖြတ်ဒိုင်အဖွဲ့မှ စိစစ်ရွေးချယ်ပေးသွားပါမယ်။ ထို့အပြင် ငွေသားဆုများအနေဖြင့် ပထမဆုအား ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုအား ငွေကျပ် ၅ သိန်း၊ တတိယဆု နှစ်ဆုအား ငွေကျပ် ၂ သိန်းခွဲစီနှင့် နှစ်သိမ့်ဆုများ အသီးသီးကို ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံများကိုလည်း ပြိုင်ပွဲ၏ Facebook စာမျက်နှာပေါ်တွင် ပရိတ်သတ်များ ရှုစားနိုင်ဖို့အတွက် ပြန်လည် မျှဝေပေးသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ၊၂၀၁၈ ခုနှစ်မှစ၍ ဇန်နဝါရီလ ၂၄ ရက်နေ့၊ ၂၀၁၉ ခုနှစ်အထိ ပါဝင်ယှဉ်ပြိုင်သွားနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။