Beauty & Fashion | ကြယ်ပွင့်တွေရဲ့ စတိုင် – Stars & Style

မော်ဒယ် M ဆိုင်းလုရဲ့ ကြွေလောက်တဲ့ ခပ်မိုက်မိုက် ဖက်ရှင်များ

March 12, 2018

မော်ဒယ် M ဆိုင်းလုရဲ့ ကြွေလောက်တဲ့ ခပ်မိုက်မိုက် ဖက်ရှင်များ

Share this on:

မင်္ဂလာပါနော်။ မော်ဒယ် M ဆိုင်းလုကို အားလုံး ရင်းနှီးကြမယ်လို့ထင်ပါတယ်။

ခန္ဓာကိုယ် အချိုးအစားအမိုက်စားနဲ့ ဘာပဲဝတ်ဝတ် ကြည့်လို့ကောင်းနေတဲ့ မော်ဒယ် M ဆိုင်းလုက ခပ်မိုက်မိုက် ဖက်ရှင်လေးတွေ ဝတ်ဆင်လေ့ရှိပါတယ်။

သူမရဲ့ လှပကြော့ရှင်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေနဲ့လည်း လိုက်ဖက်နေလေ့ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ နာမည်ကျော် စူပါမော်ဒယ်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး မော်ဒယ်လောကမှာလည်း အောင်မြင်မှုနဲ့ ရပ်တည်နေသူလေးပါ။

မဂ္ဂဇင်းကာဗာတွေ၊ ကြော်ငြာတွေ၊ ပြက္ခဒိန်တွေ၊ ပို့စ်စတာတွေ၊ ရှိုးပွဲတွေ၊ Mtv တွေ မှာလည်း သူမကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။

ကချင်တိုင်းရင်းသူလေးဖြစ်ပြီး စကားပြော ခပ်ဝဲဝဲလေးနဲ့ ပရိသတ်တွေကို တမျိုးလေး ဆွဲဆောင်ထားသူလည်းဖြစ်ပါတယ်။

M ဆိုင်းလုရဲ့ ပရိသတ်တွေ ကြွေလောက်တဲ့ ခပ်မိုက်မိုက်ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်နော်။

မော်ဒယ် M ဆိုင်းလုရဲ့ ကြွေလောက်တဲ့ ခပ်မိုက်မိုက် ဖက်ရှင်များ

User Rating

0 (0 Votes)
error: Alert: Copyright © 2018. MyStyle Myanmar