နှစ်သစ်ကို ကူးတိုင်း ကျွန်မတို့ မိန်းကလေးတိုင်း ဆုံးဖြတ်ချက်ချတဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါက ဝိတ်ချမယ်ဆိုတာပါပဲ တစ်ချို့က ဝက်ဘ်ဆိုဒ် တွေကနေလေ့လာ ၊ တစ်ချို့က Gym Trainer တွေဆီကနေမေး ၊ တစ်ချို့က Online Communities တွေကနေဖတ်၊  Forums တွေကိုနားထောင်ပြီး အမျိုးမျိုး အဖုံဖုံ အားထုတ်ကြပါတယ်။ တစ်ချို့တစ်လေကတော့ ဟိုဖတ် ဒီဖတ် ဟိုလိုက်လုပ် ဒီလိုက်လုပ်နဲ့ တစ်လလောက်တောင်မကြာဖူး လက်လျှော့လိုက်ကြတာများပါတယ်။ တစ်ခါလေကျတော့လည်း သင့်ကို တစ်ခြားသူနားသွင်းတဲ့ Diet Plan တွေ ဝိတ်ကျစေမယ့် နည်းလမ်းတွေက အမှန်မဟုတ်ပါဘူး။

အဓိက က ကိုယ်ကိုယ်တိုင် အားထုတ်ကြည့်မှပဲ မှန်ကန်တဲ့နည်းလမ်းကို ရှာတွေ့မှာပါ။ ဖြစ်ချင်တဲ့ စိတ်ရှိရင်ဖြစ်နိုင်ပါတယ်။ အသေးစိတ်ပြောပြရရင်တော့ ကုန်တော့မှာမဟုတ်ပေမယ့် အလွဲအမှား ဖြစ်စေနိုင်တဲ့ အချက်တွေကိုပြောပြပေးချင်ပါတယ်။ အခုပြောပြပေးမယ့် ၆ချက်ဟာ သင်ဝိတ်ချမယ့်ဆို အလွဲတွေးမိဖို့ လွယ်နိုင်တဲ့ အချက်တွေပါ။ လူအများစုက မှန်တယ်လို့ ယူထားတဲ့အချက်တွေလည်းဖြစ်ပါတယ်။ ဒါကြောင့် သိပြီးတာနဲ့  အရင်ကအလွဲတွေထားတာတွေကို ဖျောက်လိုက်ပါ။

နည်းနည်းပဲစားပြီး များများ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ဝိတ်မကျနိုင်ပါဘူး။

သင်ဟာနဂိုကတည်း ကအရိုးကြီးတာ ဒါမှမဟုတ် ဝတဲ့မျိုးရိုး ရှိလို့ဝိတ်မကျတာ မဟုတ်ပါဘူး။

အဆီ ၊ ကဆီ ၊ အချို ဒီဓာတ်တွေ အားလုံးကိုရှောင်မှ ဝိတ်ကျမှာမဟုတ်ပါဘူး။

ကယ်လိုရီကို အမြဲတွက်ချက်ပြီး စားသောက် နေထိုင်မှ အလေးချိန်လျှော့ကျမှာ မဟုတ်ပါဘူး။

သင်အကြိုက်ဆုံး အစားအစာတွေကို စွန့်လွတ်လိုက်မှ ဝိတ်ကျတာမဟုတ်ပါဘူး။

DIet ပဲဖြစ်ဖြစ် Workout ပဲ ဖြစ်ဖြစ် အလွန်အကျွံလုပ်တော့မှ သင့်အဆီတွေကျသွားမှာ မဟုတ်ပါဘူး။

Source: allwomenstalk.com