မိုးရာသီရောက်တော့မယ်နော်။ MyStyle Myanmar မှာ မိန်းကလေးတွေနဲ့ ပတ်သတ်တာပဲရေးနေလို့ အမျိုးသားတွေအတွက်လည်း ရေးပါးဦးလို့ ပြောလာကြလို့ပါ။ ဒီတခေါက်တော့ အမျိုးသားတွေနဲ့ မိုးရာသီဖက်ရှင်အကြောင်းလေးကို မျှဝေပေးပါမယ်။

ရေစိုခံ ကုတ်အင်္ကျီ အရှည်

ရေစိုခံ ကုတ်အင်္ကျီ အရှည်က မိုးရာသီနဲ့ လိုက်ဖက်ညီပါတယ်။ အလုပ်သွားမယ်ဆိုရင်လည်း အတွင်းကအင်္ကျီတွေရေမစိုအောင် အပေါ်က ကုတ်အင်္ကျီလေး ဝတ်ပေးလိုက်လို့ရပါတယ်။ ဘယ်လောက်ပဲပူတဲ့ဒေသဖြစ်ပါစေ မိုးရာသီဆို ခပ်အေးအေးရှိလို့ ကုတ်အင်္ကျီလေးကတော့ အလန်းစားဖက်ရှင်ဖြစ်မယ်ဆိုတာ ပြောနေစရာတောင်လိုမယ်မထင်ပါဘူးနော်။

ကုတ်အိကျီ ၤကိုလည်း ကြယ်သီးဖွင့်ပြီးဝတ်ပေးထားရင် အထဲမှာကိုယ်ဝတ်ထားတဲ့ အင်္ကျီလေးလည်း မြင်ရပြီး ဖက်ရှင်ကျနေမှာပါ။

ပေါ့ပေါ့ပါးပါး

မိုးရာသီဆို အပေါ်က မိုးကာ အင်္ကျီရှည်လေးနဲ့ ပေါ့ပေါ့ပါးပါးဝတ်ဆင်ပြီး ဖက်ရှင်ကျလို့ရပါတယ်။

အောက်ခံ တီရှပ်အင်္ကျီ ဘောင်းဘီရှည်နဲ့ ဆိုရင် ပြည့်စုံနေပါပြီနော်။ သွားသွားလာလာဆိုတော့ ချွတ်ရလွယ်တဲ့ ဖိနပ်စီးပါ။

မာဖလာလေးနဲ့ လန်းမယ်

စကားပုံတစ်ခုကြားဖူးပါတယ်။ ယောင်္ကျားလေးတွေလှချင်ရင် မပူဘူး။ မိန်းကလေးတွေ လှချင်ပြီဆိုရင် မအေးဘူးတဲ့။

မိုးရာသီမှာတော့ ပဲများတယ်လို့ တကူးတကအပြောခံစရာမလိုတော့ဘဲ မာဖလာလေးတွေ ပတ်ပြီးလန်းလို့ရတယ်နော်။

Rain Coat လေးနဲ့ လန်းမယ်

မိုးရာသီနဲ့လိုက်ဖက်တဲ့ အဝါရောင် မိုးကာအိကျီ ၤနဲ့ တခြားရှုပ်ရှုပ်ရှပ်ရှပ် အရောင်တွေအစား သဘာဝနဲ့ ထပ်တူကျတဲ့ မျက်စိသိပ်မနောက်တဲ့ အရောင်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပါ။ ထီးဆောင်းပြီးလမ်းလျှောက်ပေမယ့်လည်း အိကျီ ၤရေစိုမှာစိုးရတယ်နော်။

မိုးကာ အင်္ကျီ အကြီးကြီးကို ဖက်ရှင်ကျအောင် ဒီလိုဝတ်မယ်။

ရေစိုရင် ကေပျက်သလို စတိုင်လ်လည်း ပျက်ပါတယ်နော်။ အမျိုးသားတွေအတွက် မိုးတွင်းမှာလည်း အဝတ်အစားတွေ ရေမစိုဘဲ ဖက်ရှင်ကျစေဖို့အတွက် ဒီလိုလေး ဝတ်ပေးလို့ရပါတယ်။

မိုးကာ အင်္ကျီ အပေါ်က ကြယ်သီးလေးကို နည်းနည်းဟထားပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားတဲ့ သူ့ရဲ့ပုံစံလေးက မိုးတွင်းမှာတောင် လန်းနေမှာသေချာပါတယ်။