ပျိုမေတို့ အားလုံးပဲ မင်္ဂလာပါရှင်။ အလှအပကြိုက်တဲ့ မဒီလေးများအတွက် အခုတစ်ခါမှာတော့ ဆံပင်ပုံစံလေးတွေကို ဖော်ပြပေးချင်ပါတယ်။

မကြာခင်မှာ ပူအိုက်တဲ့ နွေရာသီကို တစ်ကျော့ပြန်လည် ရောက်လာတော့မှာဖြစ်လို့ ဆံပင်ရှည်ရှည်နဲ့နေဖို့၊ အပြင်တွေသွားလာဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေတဲ့ကိစ္စပါ။

ဒါကြောင့် အပူအအိုက်လည်းသက်သာပြီး ယခင်ထက် ပိုငယ်သွားစေမယ့် ဆံပင်တိုတိုလေးတွေကို ညှပ်ဖို့စဉ်းစားနေသူများအတွက်ဖြစ်ဖြစ်၊ လက်ရှိဆံပင်ဂုတ်ဝဲလေးညှပ်ထားပြီးသားပဲဖြစ်ဖြစ် အဆင်ပြေမယ့် ဆံပင်ပုံစံပြင်ဆင်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

အခုဖော်ပြပေးသွားမယ့် ဆံပင်ပုံလေးတွေကို လိုက်ပြီးပြင်ဆင်ရင်းနဲ့ ဒီ့ထက်ပိုပြီး လှသွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။

တစ်ဝက်ထုံးပုံစံလေး

ကပိုကရိုလေးနဲ့ နောက်မှာ စုပြီးစည်းမယ်

ကျစ်ဆံမြီးလေးကျစ်ပြီး ဆံထုံးပြန်ထုံးမယ်

လှိုင်းတွန့်လေးကောက်မယ်

ဆံပင်အောက်နားလေးမှာ သေးသေးလေးစုစည်းမယ်

အရှေ့ဆံပင်ကိုလိမ်ပြီး အနောက်ပို့ကာ ကလစ်လေးနဲ့ညှပ်မယ်

အလယ်ခွဲပြီး တစ်ဖက်မှာ ကလစ်လေးပန်မယ်

ဆံပင်မြင့်မြင့်လေးစည်းမယ်

ရိုးရိုးရှင်းရှင်း အထုံးလေးထုံးမယ်

Source: cosmopolitan.com