အားလုံးပဲ မင်္ဂလာပါ။ Stan Lee ကိုတော့ Marvel ဖန်တွေ အကုန်လုံးသိကြပါတယ်။ သူက Marvel Universe တစ်ခုလုံးကို ဖန်တီးခဲ့တဲ့ စိတ်ကူးစိတ်သန်းကောင်းမွန်သူကြီးပေါ့။ စိတ်မကောင်းစရာတစ်ခုကတော့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့တာပါပဲ။

သူက Hulk ၊ Thor ၊ Spiderman ၊ Doctor Strange ၊ Iron Man ၊ Captain America စတဲ့ ရာပေါင်းများစွာသော စူပါဟီးရိုးတွေကို ဖန်တီးခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

သနားကြင်နာတတ်မှု၊ သန်မာမှုနဲ့ ချစ်ခြင်းမေတ္တာတရားတွေကို လူသားတွေရဲ့ စိတ်နှလုံးသားထဲမှာ ကိန်းအောင်းလာအောင် သူ့ရဲ့ ပုံပြင်၊ ဇာတ်လမ်းဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေထဲမှာ ထည့်သွင်းဖော်ပြထားလေ့ရှိပါတယ်။

Stan Lee ရဲ့ ကြွေလွင့်ရမှုအတွက် Marvel ဖန်တွေကတော့ စကားနဲ့ဖော်မပြတတ်လောက်အောင်ပဲ အင်မတန်စိတ်မကောင်းဖြစ်နေကြတာပေါ့။ အဲ့ဒီဖန်တွေထဲကမှ တချို့ ဖန်တွေက သူ့ကိုသတိရအောက်မေ့တဲ့အနေနဲ့ ကာတွန်းတွေ၊ ပန်းချီတွေ ရေးဆွဲခဲ့ကြပါတယ်။

စူပါဟီရိုးဇာတ်လမ်းတွေကို နှစ်ခြိုက်သူတွေအတွက် အဲ့ဒီကာတွန်းပုံလေးတွေကို အလွမ်းပြေကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

Source: Brightside.me