အားလုံးပဲမင်္ဂလာပါနော်။ နေ့စဉ် ရုံးသွားသွား ၊ အပြင်သွားသွား မိတ်ကပ်လေး ပါးပါးတော့ လိမ်းသွားတတ်ကြပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါ တခါတလေ ကိုယ်လုပ်လိုက်တဲ့ အမှားသေးသေးလေးတွေကြောင့် မိတ်ကပ်က သဘာဝမကျတာမျိုး မဖြစ်စေဖို့အတွက် မိတ်ကပ်လိမ်းတဲ့ကောင်မလေးတိုင်း သိထားသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ မျက်ခုံးမွှေးဆွဲတဲ့အခါ

မျက်ခုံးမွှေးဆွဲတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် တစ်ပုံစံတည်းဖြစ်စရာမလိုပါဘူး။ လူတိုင်း မျက်ခုံး တစ်ဖက်နဲ့တစ်ဖက် ညီနေတာမျိုးမှမဟုတ်တာနော်။ ဒါပေမယ့် သဘာဝကျတဲ့ မျက်ခုံးမွှေးပုံစံကို ဆွဲပေးပါ။

၂။ Eyeliner ဆိုးတဲ့အခါ

Eyeliner ဆိုးတဲ့အခါ မျက်ခွံအတွင်းပိုင်းအထိကို ဆိုးပေးပါ။ ဒါမှ လွတ်နေတဲ့နေရာမရှိဘဲ မျက်လုံးက ပိုပြီးကြည့်ကောင်းစေမှာဖြစ်ပါတယ်။

၃။ မျက်တောင်အတုတပ်တဲ့အခါ

မျက်တောင်အတုတပ်တဲ့အခါ မျက်တောင်အတု ဘေးနားလေးကို နည်းနည်းလေး ညှပ်ပေးလိုက်ပြီး တပ်ပေးရမှာဖြစ်ပါတယ်။

၄။ Highlighter နဲ့ Contour ကို မှန်ကန်အောင်လုပ်ပါ

ဘယ်နေရာမှာ အညိုလေးထည့်ရမယ်၊ ဘယ်နေရာမှာ Concealer နဲ့ Highlighter လိမ်းရမယ်ဆိုတာ ပုံလေးတွေမှာ ပြထားပါတယ်နော်။

၅။ နှုတ်ခမ်းနီဆိုးတဲ့အခါ

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ နှုတ်ခမ်းအတွင်းပိုင်းကိုပဲ ဆိုးလည်းရသလို၊ နှုတ်ခမ်းတစ်ခုလုံးကိုဆိုးလို့ရပါတယ်။

နှုတ်ခမ်းအတွင်းပိုင်းကိုဆိုးတဲ့အခါ

နှုတ်ခမ်းတစ်ခုလုံးကိုဆိုးတဲ့အခါ

၆။ Loose Powder သုံးပေးပါ

မိတ်ကပ်သားသိပ်သိပ်လေးဖြစ်ပြီး မိတ်ကပ်လေးတွေတာရှည်ခံဖို့ အဆီပြန်တဲ့သူတွေပဲဖြစ်ဖြစ် ပေါင်းစပ်အသားအရေရှိသူပဲဖြစ်ဖြစ် Loose Powder ကို သုံးပေးသင့်ပါတယ်နော်။

Photo: www.pinterest.com

By: MyStyle Myanmar