မင်္ဂလာပါနော်။ မိတ်ကပ်ဆိုတာ မိန်းကလေးတိုင်းနဲ့ ရင်းနှီးတဲ့အရာပါ။ မိတ်ကပ်လိမ်းတာဟာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ ပိုပြီးလှဖို့ဖြစ်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းကောင်းလေးတွေနဲ့ အသုံးပြုပြီး လိမ်းခြယ်လိုက်ရင် သင့်ကို Professional တစ်ယောက်ဖြစ်လာအောင် ကူညီပေးနိုင်မှာပါ။

၁။ သင့်မျက်လုံး ပိုပြီးကြီးသလိုထင်ရစေဖို့

သင့်မျက်လုံးက တခါတလေ ပင်ပန်းနွမ်းနယ်ပုံပေါက်တဲ့အခါ မျက်လုံးကို ပိုပြီး လန်းလာအောင် ပိုပြိးကြီးသလို ထင်ရစေအောင် အဖြူရောင် Eyeliner ကိုသုံးလို့ရပါတယ်။

၂။ မျက်ခုံးမွှေးဆွဲတံတွေ Eye Pencil တွေ အရမ်းချွန်နေတဲ့အခါ

အရမ်းချွန်နေတဲ့ Eye Pencil ကိုသုံးရင် မျက်လုံးနားက နူးညံ့တဲ့အသားအရေကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ဖယောင်းတိုင်မီးနဲ့ အနည်းငယ် အပူပေးလိုက်ပါ။ ပြီးရင် အေးအောင်ထားပြီးသုံးပါ။

၃။ Mascara ခဲသွားရင်

Mascara ခဲသွားတဲ့အခါ မလွှင့်ပစ်ဘဲ ရေနွေးနဲ့ စိမ်ထားလိုက်ပါ။ ပြီးရင် အေးအောင်ထားပြီး လိမ်းပေးလိုက်ပါ။

၄။ ပြီးပြည့်စုံတဲ့ လိုင်နာလိမ်းနိုင်ဖို့

Eyeliner ဆွဲတဲ့အခါမှာ အခုလိုမျိုး ဆွဲပေးလို့ရပါတယ်နော်။ ဆွဲပုံ တဆင့်ချင်းကို မျှဝေပေးထားပါတယ်။

၅။ မျက်တောင်မွှေးပိုပြီးထူစေဖို့

သင့်ရဲ့ မျက်တောင်မွှေးပိုပြီးထူစေဖို့အတွက် မျက်တောင်ကော့တံနဲ့ ကော့ပြီး ပေါင်ဒါနည်းနည်းထည့်ပေးလိုက်ပါ။ ပြီးရင်Mascara လိမ်းပေးလိုက်ပါ။

၆။ Concealer ကို နည်းမှန်လမ်းမှန်နဲ့ လိမ်းမယ်

Concealer လိမ်းတဲ့အခါမှာ နည်းမှန်လမ်းမှန်နဲ့ လိမ်းပေးရပါတယ်။ မျက်ကွင်းညိုတာကို သက်သာစေဖို့ Concealer ကို  တြိဂံစောက်ထိုးပုံစံမျိုးထားပြီး လိမ်းပေးလိုက်ပါ။

၇။ တခါတလေ မတူညီတဲ့ Eyeliner တွေကိုသုံးနိုင်ပါတယ်

အပြာရောင် အဝါရောင်တို့လို Eyeliner တွေကိုလည်း တခါတလေ သုံးနိုင်ပါတယ်နော်။

၈။ မတူညီတဲ့ Brush တွေကိုသုံးပါ

Brush သုံးတဲအခါ Eyeshadow သုံးမယ့် Brush , ပါးနီဆိုးမယ့် Brush စသဖြင့် ခွဲပြီး သေချာသုံးပေးလိုက်ပါ။

၉။ မျက်ခုံးမွှေးကို သေချာရိတ်ပြီး ဆွဲပါ

မျက်ခုံးမွှေးကို ရိတ်တာ (သို့) Waxing လုပ်တာမျိုးလုပ်ပြီး သေချာပုံဖော်ကာ ဆွဲပေးပါ။ အောက်ဖက်နားကနေ စပြီးဆွဲပါ။

၁၀။ Contour လုပ်မယ့်နေရာနဲ့ Highlight ကို နေရာမှန်မှာသုံးမယ်

ပါးရိုးနဲ့ မေးရိုးပေါ်ဖို့အတွက် Contour သုံးဖို့လိုပါတယ်။ Contour သုံးတဲ့အခါမှာလည်း နှုတ်ခမ်းနှစ်ဖက်ကို စုလိုက်ပြီး ချိုင့်သွားတဲ့နေရာမှာ သုံးပေးပါ။ Highlighter ကိုလည်း ပါးရိုး နဲ့ မျက်ခုံးမွှေးအောက်နားမှာ သုံးပေးလိုက်ပါ။

၁၁။ နှုတ်ခမ်းသား နူးညံ့စိုပြေနေစေဖို့

နှုတ်ခမ်းသားနူးညံ့စိုပြေနေစေဖို့ နှုတ်ခမ်းပေါ်က ဆဲလ်သေတွေ အညစ်အကြေးတွေကို ဖယ်ရှားပေးရပါတ်။ နှုတ်ခမ်းကို ရေနည်းနည်းဆွတ်ပြီး သကြားကို လိမ်းကာ သေချာလေး ပွတ်ပေးလိုက်ပါ။ ပြီးရင် ခဏထားပြီး ရေဆေးချလိုက်ပါ။