အားလုံးပဲ မင်္ဂလာပါ။ မိန်းကလေးတိုင်းမှာတော့ ငါကြီးလာရင် ဘာလုပ်မယ်၊ ဘယ်လိုလေးနေမယ်၊ ကိုယ်နေမယ့် အိမ်ကို ဘယ်လိုလေးပြင်မယ်ဆိုပြီးတော့ စိတ်ကူးလေးတွေ ကိုယ်စီရှိကြမှာပါ။

အထူးသဖြင့် ကိုယ်နေမယ့် အိမ်လေးကို အလှဆုံးဖြစ်အောင် အသေးစိတ်ကအစ စိတ်တိုင်းကျ ပြင်ဆင်ချင်တတ်ကြတာ လူတိုင်းရဲ့ ဆန္ဒဖြစ်ပါတယ်။

နိုင်ငံခြားရုပ်ရှင်လေးတွေကို ကြည့်မယ်ဆိုရင်၊ ပုံပြင်စာအုပ်လေးတွေ ဖတ်မယ်ဆိုရင် အိမ်လေးတွေကို နေချင်စရာကောင်းအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ထားတတ်ကြတာကို တွေ့ရမှာပါ။

အခုဖော်ပြပေးမယ့် ဓာတ်ပုံလေးတွေကတော့ ဓာတ်ပုံဆရာမ Bella Foxwell ရိုက်ကူးထားခဲ့တဲ့ လန်ဒန်မြို့ရှိ အိမ်ဝင်ပေါက်လှလှလေးတွေပဲဖြစ်ပါတယ်။ ဘယ်လိုပုံလေးတွေဖြစ်မလဲဆိုတာကို အောက်မှာဆက်ကြည့်လိုက်ရအောင်နော်။

Source: borepanda.com