နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကိုကူးပြောင်းစ ဒီလိုအချိန်လူတော်တော်များများရဲ့အတွေးထဲမှာတော့ နောက် ၁၂လ အတွက် ဘာတွေဖြစ်အောင်လုပ်မလဲ။ ဘယ်လိုရည်မှန်းချက်တွေကို ရယူပိုင်ဆိုင်ကြမလဲဆိုတာကို ဦးစားပေးစဉ်းစားကြတဲ့ကာလလည်း ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း ဒီလိုဆုံးဖြတ်ချက်တွေချမှတ်ပြီး နှစ်ဟောင်းကပါလာတဲ့ မကောင်းတဲ့အကျင့်တွေကို ပြင်ဖို့ကြိုးစားနေဆဲပါ။

သို့ပေမယ့် များသောအားဖြင့် ဒီလိုလုပ်မယ်ဆိုပြီး ချမှတ်ထားတဲ့ အရာတွေက ဇန်နဝါရီလကုန်ဆိုဆက်မလုပ်ဖြစ်ကြတာများပါတယ်။ ပျိုမေတို့ရော အဲ့လိုဖြစ်ဖူးကြလား။ အကျင့်ဆိုးတွေကို အများကြီးမပြင်ရင်တောင်မှ အနည်းအကျဉ်းတော့ ကြိုးစားပြီးလုပ်ဆောင်ပေးမယ်ဆို နောက်နှစ်တွေ နောက်နှစ်တွေမှာ ဘဝမှာအပြောင်းအလဲကြောင့်ဖြစ်လာတဲ့ ရလဒ်တွေကိုစံစားရမှာပါ။ အခုလောလောဆယ်တော့ ဘဝတိုးတက်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့အပြုအမူ အချက် ၁၂ ချက်ကို ပြင်ဆင်နိုင်အောင် အကြံပေးဖော်ပြပေးလိုက်ပါတယ်။

တစ်နေကုန် အိမ်ထဲမှာပဲ မနေပါနဲ့ ၅ မိနစ် ၁၀ မိနစ်လောက်ပဲ ဖြစ်ဖြစ် အပြင်ထွက်ပေးပါ။

အိပ်ရာဝင်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ထပ်မသုံးမိအောင် ဖုန်းကိုပိတ်ပြီး အိပ်လိုက်ပါ။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များများစားပေးပါ။

စိတ်ရှုပ်စရာကိစ္စတစ်ခု ခုနဲ့ ကြုံလာပါက စိတ်ငြိမ်အောင်နေပါ။

လူတိုင်းကို ချစ်တဲ့မျက်စိနဲ့ပဲ ကြည့်ပြီး အကောင်းမြင်ပေးပါ။

ဘယ်အရာမဆို Yes ဆိုပြီးမလိုက်ရောပါနဲ့။ No ပြောပြီးငြင်းနိုင်အောင် ကျင့်ယူထားပါ။

ခရီးများများထွက်ပြီး သဘာဝ အလှတရားကိုရှာဖွေပါ။

ပိုက်ဆံနောက် မလိုက်မိစေပါနဲ့။ ဝါသနာပါရာ စိတ်ပျော်ရာကို ဦးစားပေးကြည့်ပါ။

စကားနည်းနည်းပြောပြီး များများနားထောင်တတ်အောင် အကျင့်လုပ်ပါ။

မိတ်ဆွေများများဖွဲ့ပါ။ သို့ပေမယ့်စိတ်နှစ်ပြီး မပေါင်းမိပါစေနဲ့ ။

များများရယ်ပေးပါ။ ပျော်ရွင်စွာ စိတ်ချမ်းသာအောင်နေပါ။

တစ်နေ့လုံးမှာမှ ဘာမှမလုပ်ပဲ အပျင်းတစ်ဖို့ သီးသန့်အချိန်ဖယ်ထားပါ။

Source: AllWomenStalk