အားလုံးပဲမင်္ဂလာပါနော်။ အားကစားလုပ်တာ၊ ကစားတာဟာ ကလေးတွေရဲ့ ဥာဏ်ရည်ကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ကလေးတွေကို လွတ်လွတ်လပ်လပ် ကစားခိုင်းတာက သူတို့ရဲ့ လူမှုဆက်ဆံရေးကိုလည်း တိုးတက်ကောင်းမွန်လာစေသလို ပိုပြီးတော့လည်း ထက်ထက်မြက်မြက်ရှိစေပြီး ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းတွေ တိုးတက်လာစေပါတယ်။

ကျောင်းဆရာတွေ/ပညာသင်ပေးတဲ့သူတွေက အားကစားလုပ်တဲ့ကလေးတွေဟာ ပိုပြီး တက်တက်ကြွကြွရှိသလို၊ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး၊ ပညာရေးဖက်မှာလည်း ထူးချွန်တယ်လို့ ဆိုကြပါတယ်။ အုပ်စုလိုက် အားကစားအတူလုပ်ပေးခြင်းအားဖြင့်လည်း တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်တတ်တတ်လာသလို ခေါင်းဆောင်မှုစွမ်းရည်နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိလာစေတယ်လို့ Oregon School Activities Association က ဆိုပါတယ်။

ဒါ့အပြင် အားကစားလုပ်တာက ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ဖွံဖြိုးမှုကို ပိုပြီးကောင်းမွန်စေသလို ရေရှည်မှာ ကလေးတွေရဲ့ လွတ်လပ်မှု (အမှီအခိုကင်းမှု) ကို မြင့်တင်ပေးပါတယ်။

အားကစားလုပ်တာဟာ ကလေးတွေရဲ့ ကာယ ဥာဏ နှစ်ခုလုံးကို တိုးတက်စေလို့မိခင်တွေက ကလေးတွေကို အားကစားမှာပါဝင်ဖို့ ပိုမိုအားပေးသင့်ပါတယ်နော်။

အားကစားလုပ်ရင် ချွေးတွေထွက်၊ ရွှံ့တွေနဲ့ဆိုတော့ ကလေးတွေရဲ့ အင်္ကျီမှာ အစွန်းအထင်းတွေပေလာတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ ဝါသနာကို အားပေးတာဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါတယ်ဆိုတာကြောင့် မိမိရဲ့ ကလေးတွေရဲ့ လွတ်လပ်မှုနဲ့ ဝါသနာကို ပိုပြီးအားပေးသင့်တယ်ဆိုတာကို ခေတ်သစ်မိခင်တွေကတော့ နားလည်ထားပြီးသားပါ။

တစ်နေကုန် ကျောင်းမှာ ဆော့ကစားလို့ ချွေးတွေစို၊ အညစ်အကြေးတွေပေကျံလာမှာကို စိတ်မပူပါနဲ့။ ကလေးတွေဝါသနာပါတဲ့ အားကစားကို အပြည့်အဝအားပေးပြီး အစွန်းအထင်း ပြဿနာကို ဒီလိုနည်းလမ်းနဲ့ ဖြေရှင်းလိုက်ရအောင်ပါ။

E-LAN က ထုပ်ပိုးမှု ပုံစံအသစ်နဲ့ အစွန်းအထင်တွေကိုဖယ်ရှားဖို့ အထူးထုတ်လုပ်ထားတဲ့ E-LAN Ultra ဆပ်ပြာမှုန့်က (၁)ဇွန်းတည်းနဲ့ အစွန်းအထင်းတွေကိုဖယ်ရှားပေးပြီး မွှေးရနံ့ သင်းပျံ့စေလို့ မေမေတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ DUAL TECHNLOGY ဖြင့်ဖော်စပ်ထားတဲ့ E-Lan Ultra က အဝတ်အထည်များကို မြန်ဆန်စွာ ထိုးဖောက် ဝင်ရောက်နိုင်ပြီး ဟင်းအနှစ်၊ ချောကလက်၊ ငံပြာရည် အစွန်းအထင်း များသာမက အင်္ကျီ တွင် စွန်းသော အစွန်းအထင်း မျိုးစုံကို အလွယ်တကူ ဖယ်ရှားပေးနိုင်ပါတယ်။

ဒါ့ကြောင့် သန့်ရှင်းရေးလုပ်ရခက်ခဲတဲ့ အဝတ်အစားတွေ လျှော်ဖွတ်ဖို့ မိခင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုသက်သာစေပြီး၊ အားကစားလုပ်ချင်တဲ့ (သို့) အပြင်မှာဆော့ကစားချင်တဲ့ ကိုယ့်ရဲ့ ကလေးကို အားပေးတာမို့ မိခင်နဲ့ ကလေးကြားက ဆက်ဆံရေးကို ပိုပြီးတိုးတက် ကောင်းမွန်လာစေမှာဖြစ်ပါတယ်နော်။