အချိန်ရရင် ဒီဆောင်းပါးကို ၅ မိနစ်လောက် အချိန်ပေးဖတ်စေချင်ပါတယ်။

ကိုယ်မြတ်နိုးပြီး တန်ဖိုးထားတဲ့ အတတ်ပညာသစ်တစ်ခုကို သင်ယူဖို့ကြိုးစားနေပေမယ့် မကြာခဏဆိုသလို အရှုံးပေးလိုက်ဖို့ ဘာလို့ တွေးနေတတ်တာလဲ။

ဒီမေးခွန်းကို ဖြေဆိုဖို့ စာဖတ်သူတို့မှာ အဖြေရှိနေမယ်ထင်ပါတယ်။ လေ့ကျင့်ချိန် အလုံမလောက်မရှိဘူး။ အရမ်းခက်တာပဲ။ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးရှိနေမှာပါ။

အတတ်ပညာတစ်ခုကို တတ်ကျွမ်းဖို့ နာရီဘယ်လောက်လိုသလဲဆိုတော့ စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့အပြင် စီးပွားရေးဆိုင်ရာ နည်းပြတစ်ဦးလည်းဖြစ်တဲ့ Josh Kaufman က နာရီပေါင်း ၁၀၀၀၀ (တစ်သောင်း) လိုပါတယ်တဲ့။ ဒါပေမယ့် နာရီပေါင်း ၁ သောင်းဆိုတာ ဘာသာရပ်အသစ်တစ်ခုကို လေ့လာမယ့်သူတွေအတွက် လုံးဝကြီး စိတ်တက်ကြွစေတဲ့အဖြေ မဟုတ်သေးပါဘူး။

ဒီတော့ သူက နောက်မေးခွန်းတစ်ခုမေးပါတယ်။ အတတ်ပညာတစ်ခုခုကို ကောင်းကောင်းတတ်ကျွမ်းဖို့ အချိန်ဘယ်လောက်လိုသလဲဆိုတဲ့ မေးခွန်းပါ။ သူကတော့ နာရီပေါင်း ၂၀ တည်းနဲ့ အတတ်ပညာတစ်ခုကို သင်ယူလို့ရနိုင်တယ်လို့ ပြောပါတယ်။

အခုအောက်မှာဖော်ပြမယ့် နည်းလမ်း ၄ ခုကို စီးပွားရေးဆိုင်ရာ နည်းပြတစ်ဦးဖြစ်တဲ့ Josh Kaufman က အကြံပေးထားပါတယ်။

အထောက်အကူပြုပစ္စည်းတွေ မှန်မှန်ကန်ကန်ရွေးချယ်ပါ။

ယုံကြည်စိတ်ချရတဲ့ သင်ခန်းစာ (သို့) စာအုပ် ၂ ခု ၃ ခုလောက်ဆိုရင် သင့်ပန်းတိုင်အတွက်လုံလောက်ပါတယ်။ စာအုပ်တွေ မဂ္ဂဇင်းတွေ DVD တွေ ဒါမှမဟုတ် တခြားပစ္စည်းတွေ အများအပြား ရှာဖွေနေစရာမလိုပါဘူး။ ဒါကောင်းတယ်ဆိုဒါဝယ်လိုက်။ ဟိုဟာကောင်းတယ်ပြောရင် ဟိုဟာဝယ်လိုက်နဲ့ လုပ်စရာမလိုပါဘူး။ ကိုယ့်ထက်သိတဲ့ တတ်တဲ့ ပညာရှင်တွေကို မေးပြီး ဘယ်လိုစာအုပ် ဘယ်လိုသင်ခန်းစာပစ္စည်းမျိုး ဝယ်သင့်တယ်ဆိုတာကို တိုင်ပင်ပါ။

အတားအဆီးတွေကို ဖယ်ရှားပါ။

တစ်ခုခုကို ကြိုးကြိုးစားစား သင်ယူနေချိန်မှာ အနှောင့်ယှက်ဖြစ်စရာတွေကို ဖယ်ရှားပါ။ TV ကို ပိတ်ထားပါ။ ဖုန်းကို ထားခဲ့ပါ (သို့) ပိတ်ထားပါ။ သင့်ကိုအတားအဆီဖြစ်စေတာမှန်သမျှကို ဖယ်ရှားပါ။ ဒါတွေက သင့်ကို အချိန်ကုန်စေပါတယ်။

နာရီ ၂၀ လောက် လေ့ကျင့်ပါ။

သင်လိုချင်တဲ့အရာကို လုပ်ဖို့ ဆန္ဒရှိပါစေ။ သင်ခန်းစာသစ် (သို့) အတတ်ပညာတစ်ခုအတွက် နာရီ ၂၀ အနည်းဆုံး အချိန်ပေး ရင်းနှီးမြုပ်နှံပါ။ လေ့လာ သင်ယူဖို့ လေ့ကျင့်ဖို့ အချိန်ပေးရမယ်ဆိုတာကို နားလည်ထားပါ။

အတတ်ပညာသစ်တစ်ခုကို သင်ယူဖို့ အဓိကအတားအဆီး သင့်ရဲ့ အသိဉာဏ်(သို့) ဉာဏ်ရည် ဘယ်လောက်ရှိတယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ သင့်ရဲ့ စိတ်ခံစားချက်ပဲဖြစ်ပါတယ်။ ဆုံးရှုံးမှာကြောက်နေတယ်။ အရှက်ရမှာကြောက်နေတယ်ဆိုရင် မအောင်မြင်မှာ စိုးရိမ်နေတယ် ဆိုရင် သေချာပါတယ်။ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ စာဖတ်သူတို့အားလုံး အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပျော်ရွှင်နိုင်ကြပါစေ။

Featured Image Source: Fluent in 3 months