ကြာသေးမီကမှ Nude ပုံလေးတွေရိုက်ဖြစ်ရင်းနဲ့ လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံလာရသူကတော့ Lady Boy လေး စစ်ပိုးအိမ်ပဲဖြစ်ပါတယ်။


သူမရဲ့ အချိုးကျတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးတွေကြောင်း ပိုပိုပြီး ဝန်းရံခြင်းခံနေရသူလေးလည်းဖြစ်ပါတယ်။


Lady Boy ပါလို့ ပွင့်ပွင့်လင်းလင်းချပြထားပေမယ့် တချို့မသိတဲ့သူတွေကိုတော့ ယုံရခက်စေပါတယ်။

ငယ်ငယ်လေးကတည်းက မိန်းကလေးစိတ်ပေါက်နေတာကိုတော့ သတိထားမိခဲ့ပေမယ့် ၁၀ တန်းအောင်ပြီးမှ မိန်းမပုံစံလိုမျိုး ပြောင်းနေဖြစ်တာလို့ Myanmar Celebrities နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ဖူးပါတယ်။ အခုထိတော့ သေချာမစီစဉ်ရသေးပေမယ့် မိန်းကလေးဘဝကို အပြည့်အဝခံယူဖို့ အစီအစဉ်ရှိတယ်လို့လည်း စစ်ပိုးအိမ်ကဆိုပါတယ်။


စစ်ပိုးအိမ်လေးကတော့ ရခိုင်လူမျိုးဖြစ်ပြီး အသံလေး နည်းနည်းဝဲပါတယ်။

မြန်မာနိုင်ငံမှာ LGBT တွေကို ပွင့်ပွင့်လင်းလင်း လက်မခံနိုင်ကြသေးပေမယ့်လည်း သူတို့ရဲ့ အလှတွေ၊ ခံယူချက်တွေကို လက်ခံအားပေးလာသူတွေလည်း ရှိလာနေပြီဖြစ်ပါတယ်။နိုင်ငံတကာမှာသာမက မြန်မာပြည်မှာပါ သူတို့လေးတွေကို လက်ခံအားပေးလာကြတာတွေ့ရပါတယ်။