အားလုံးပဲ မင်္ဂလာပါ။ မြန်မာ K-Drama ပရိသတ်တွေအတွက်တော့ Jung Na Ra ဆိုတဲ့ ကိုရီးယားမင်းသမီးချောလေးကို ရင်းနှီးပြီးသားဖြစ်ကြမှာပါနော်။ ကိုရီးယားဇာတ်လမ်းတွဲ တော်တော်များများက ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားတဲ့ မင်းသမီးချောလေးပါ။ သူမကို ၁၉၈၁ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

သူမက သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ထူးချွန်အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ အရပ်အမြင့်က ၅ ပေ ၃ လက်မ ရှိပြီး သွေးအမျိုးအစားကတော့ အေသွေးပါ။ သူမက တရုတ်စကားလည်း ကျွမ်းကျင်စွာ ပြောတတ်ပြီး တရုတ်ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို တရုတ်သီချင်းခွေတွေလည်း ထွက်ရှိထားတာကြောင့် တရုတ်ပရိသတ်တွေ အမြောက်အမြားရရှိထားတာပါ။

သူမက အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့သူပါ။ သူမရဲ့ အဖေက ပြဇာတ်မင်းသားဖြစ်ပြီး သူမရဲ့ အစ်ကိုကလည်း မင်းသားတစ်ယောက်ပါပဲ။ သူမ အနုပညာလောကထဲကို စတင်ခြေလှမ်းခဲ့တာကတော့ သူမရဲ့ ဖခင်နဲ့ ပြဇာတ်တွဲကရင်းကနေ အစပျိုးခဲ့တာပါ။ နောက်ပိုင်းကျတော့ ကြော်ငြာမော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ပြီး အဆိုတော်ဖြစ်ဖို့အတွက် SM Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ SM Entertainment က Na Ra ဟာ အခြားအဆိုတော်တွေလို အောင်မြင်မှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ SM Entertainment ကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒါပေမဲ့ Jung Na Ra က သူမရဲ့ အယ်လ်ဘမ်ကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ထုတ်ခဲ့ပါတယ်။ သူမရဲ့ သီချင်းခွေက ချပ်ရေ ၃ သိန်းကျော် ရောင်းလိုက်ရပါတယ်။ သူမရဲ့ သီချင်းတွေက တော်တော်လေး အောင်မြင်သွားပြီး သူမလည်း တစ်စထက်တစ်စ နာမည်ကြီးလာခဲ့ပါတယ်။

သူမ သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေကလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ရာမှာလည်း အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်ကမှာ ထွက်ရှိခဲ့တဲ့ The Last Empress ဇာတ်ကားကလည်း ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျတဲ့ ဇာတ်လမ်းတွဲလေးပါပဲ။

Jung Na Ra ရဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဖက်ရှင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ကိုရီးယားရိုးရာဝတ်စုံလေးနဲ့လည်း ချစ်စရာကောင်းနေတဲ့ သူမ

Photo Source: Pinterest.com