Beauty & Fashion | လက်သည်း – Nails | အလှအပ – Beauty

လက်သည်းနီ အလက်လက်လေး ဆိုးနည်း

August 10, 2018

လက်သည်းနီ အလက်လက်လေး ဆိုးနည်း

Share this on:

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ လက်သည်းနီဆိုးရတာ ဝါသနာပါတဲ့သူတွေအတွက် လက်သည်းနီ အလက်လေး ဆိုးနည်းကို မျှဝေပေးချင်ပါတယ်။

လက်သည်းနီကို အိမ်မှာပဲ အလွယ်တကူ ဆိုးချင်တဲ့သူတွေအတွက် လက်သည်းနီ အမိုက်စားဖြစ်တဲ့ အလက်လက်လေးနဲ့ ဆိုးလို့ရတဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်နော်။

ဆိုတော့ လက်သည်းနီ အလက်လေးကို ဘယ်လိုဆိုးရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

၁။ အရင်ဆုံး လက်သည်းနီအကြည်လေးဆိုးလိုက်ပါ

၂။ အဲဒီနောက် လက်သည်းနီဘေးတွေကို မပေစေဖို့အတွက် အနားလေးကနေ Gel လေး ကပ်ပေးလိုက်ပါ

၃။ ပြီးရင်တော့ ကိုယ်နှစ်သက်တဲ့ အလက်လေးတွေ ထည့်ပေးပါ

၎။ ပြီးရင် လက်သည်းနီပေါ် တင်ပေးလိုက်ပါ

၅။ အဲဒီနောက် အပေါ်ကနေ အကြည်လေး ထပ်ဆိုးပေးလိုက်ပါ

ဘယ်လိုလဲ လွယ်တယ်နော်။ ဆိုတော့ အိမ်မှာ စမ်းလုပ်ကြည့်ပါဦး။

Source: www.trendcrown.com

By: MyStyle Myanmar

Review

User Rating

0 (0 Votes)
error: Alert: Copyright © 2018. MyStyle Myanmar