အားလုံးပဲ မင်္ဂလာပါနော်။ အခုတစ်ခေါက်ပြောပြပေးမှာကတော့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး Kim So-Hyun အကြောင်းနဲ့ သူ့ရဲ့ ချစ်စရာကောင်းတဲ့ဖက်ရှင်လေးတွေပါ။

သူမကို ၁၉၉၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ သြစတြေးလျနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ ကိုရီးယားနိုင်ငံသားပဲ ခံယူထားတာပါ။

သူမရဲ့ သွေးအမျိုးအစားက အိုသွေးဖြစ်ပြီး သူမမှာ မောင်လေးတစ်ယောက်ရှိပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ သူမအသက် ကိုးနှစ်အရွယ်မှာ သူမအဖေဆုံးသွားတာပါ။

သူမ အသက် (၇) နှစ်အရွယ်ကတည်းက အနုပညာအလုပ်ကို စတင်လုပ်ကိုင်ခဲ့တာပါ။

သူမရဲ့ ဇာတ်လမ်းတွဲ Page Turner အတွက် စန္ဒယားတီးသင်ခဲ့ပါတယ်။

အပြင်သွားရင်တော့ ဂျင်းဘောင်းဘီကို ခေါင်းစွပ်အင်္ကျီနဲ့ဖြစ်ဖြစ် ဆွယ်တာနဲ့ပဲ ဖြစ်ဖြစ်တွဲဝတ်လေ့ရှိပါတယ်။

ခေါက်ဆွဲအေးကို အမဲသားနဲ့ဖြစ်ဖြစ်၊ ကြက်သားနဲ့ဖြစ်ဖြစ် စားရတာ ကြိုက်တယ်တဲ့။ ပန်းသီးနဲ့ ဖရဲသီးလည်း ကြိုက်ပါသေးတယ်။

ဟင်းချက်နည်းအသစ်တွေကို အမြဲတမ်းသင်ယူချင်နေတဲ့ မင်းသမီးလေးပါ။

သူမရဲ့ ပထမဆုံးအနမ်းကတော့ Missing You ဆိုတဲ့ ဇာတ်လမ်းတွဲမှာတွဲသရုပ်တဲ့ မင်းသား Yeo Jin Goo နဲ့ပါ။ သူတို့နှစ်ယောက်စလုံးအတွက် ပထမဆုံးအနမ်းဖြစ်ခဲ့ပါတယ်။

သူမရဲ့ အနှစ်သက်ဆုံးအရောင်ကတော့ အညိုရောင်နဲ့ နေဗီဲပြာရောင်ပါ။

ကျောပိုးအိတ်လေးလွယ်ပြီး သူငယ်ချင်းတွေနဲ့ ခရီးထွက်ရတာ ပျော်တဲ့ မင်းသမီးပါ။

သူမက စကပ်တိုလေးတွေ၊ ပန်းပွင့်ပုံဂါဝန်ဝတ်ရတာ ကြိုက်ပါတယ်။

သူမက ကော်ဖီတစ်ခါမှ မသောက်ဘူးတဲ့။

သူမက နှင်းအရမ်းကျတာကို ကြိုက်တဲ့အတွက် ဂျပန်နိုင်ငံ Sapporo မြို့ကို သွားလည်ချင်နေသူလေးပါ။

သူမရဲ့ စိတ်ကူးထဲကမင်းသားလေးကတော့ Yoo Seung Ho ပဲ ဖြစ်ပါတယ်။

Photo Source: Pinterest.com
Source: Kprofile.com