အားလုံးပဲ မင်္ဂလာပါ။ Girls’ Generation အဖွဲ့ဝင်ဟောင်း Jessica ကို ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ သူမကို ဧပြီလ ၁၈ ရက်နေ့ ၁၉၈၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်စကိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမမှာ Krystal လို့ခေါ်တဲ့ အဆိုတော်၊ မင်းသမီးချော ညီမတစ်ယောက်ရှိတာကိုလည်း ပရိသတ်အားလုံး အသိပဲဖြစ်ပါတယ်။

Jessica ရဲ့ ကိုရီးယားနာမည်ကတော့ Jung Soo-yeon ပါ။ သူမရဲ့ အရပ်အမြင့်ကတော့ ၅ ပေ ၃ လက်မကျော်ဖြစ်ပြီး သွေးအမျိုးအစားကတော့ B သွေးပါ။

သူမက အမေရိကန်မှာမွေးတာဆိုတော့ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောတတ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Girls’ Generation အဖွဲ့နဲ့ပွဲဦးထွက်ခဲ့ပြီး အနုပညာလုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့တာပါ။ သူမက စန္ဒယားလည်း ကျွမ်းကျွမ်းကျင်ကျင်တီးခတ်တတ်ပါတယ်။

သူမက ဒေါသထွက်ရင် ငိုတတ်ပါတယ်တဲ့။ သူမကြောက်လန့်လာရင်တော့ ဝေလငါးအသံလိုအော်တတ်ပြီးတော့ မြင်သမျှကို ကန်ကြောက်တော့တာပါပဲ။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ သူမကို အဖွဲ့ထဲက ထွက်ဖို့ အတင်းအကြပ်တောင်းဆိုနေကြတယ်လို့ Jessica က သူမရဲ့ Weibo အကောင့်မှာ တင်ခဲ့ပါတယ်။ SM Entertainment က ပြန်လည်ဖြေရှင်းချက်ထုတ်ပြန်ခဲ့တာကတော့ သူမရဲ့ အရမ်းကိုများပြားလွန်းလှတဲ့ အချိန်ဇယားတွေကြောင့် အဖွဲ့မှာဆက်လက်မထားတော့တာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

အဖွဲ့ထဲက ထွက်သွားပေမယ့်လည်း အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။၂၀၁၆ ခုနှစ်မှာတော့ I Love That Crazy Little Thing ဆိုတဲ့ တရုတ်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမက အခုဆိုရင် အနုပညာလောကမှာသာမက စီးပွားရေးလောကမှာလည်း အောင်မြင်နေသူတစ်ယောက်ဖြစ်နေပါပြီ။

သူမရဲ့ ဖက်ရှင်လေးတွေကို သူမရဲ့ ချစ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်တယ်နော်။

Photo Source: Pinterest.com