ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ရေဓာတ်ပြည့်ဝစေကာ နူးနူးညံ့ညံ့လေး ကျန်ရစ်နေစေ နိုင်မယ့် အလွယ်ကူဆုံး ဂျပန်ရိုးရာ DIY face mask လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်း (၄) မျိုးတည်းနဲ့ပြုလုပ်လို့ရတဲ့ ဒီဂျပန်ရိုးရာ Face mask ဟာ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားမယ်။ အညစ်အကြေးတွေကို ရှင်းထုတ်မယ်။ ချွေးပေါက်တွေကိုဖွင့်ပေးပြီး အသားအရေလေးကိုလည်း ရေဓာတ်ပြည့်ပြည့်ဝဝ လေးကျန်ခဲ့အောင် ပံ့ပိုးပေးနိုင်တဲ့အပြင် အသားအရေကို ကြည်လင်စေပြီး သင်နေ့စဉ်အသုံးပြုနေတဲ့ Skin care တွေ ပိုအာနိသင်ကောင်းအောင်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။

အကောင်းဆုံးကတော့ ဒီ Mask မှာပါတဲ့ ပါဝင်ပစ္စည်းတွေအားလုံးက မြန်မာနိုင်ငံမှာလည်း အလွယ်တကူရရှိနိုင်တာပဲ ဖြစ်ပါတယ်။

Source: The Healthy

ပါဝင်ပစ္စည်းများ

  • ထောပတ်သီး (၁) လုံး (၄ ပုံ ၁ ပုံ)
  • သံပရာရည် (၁) လုံး
  • သံလွင်ဆီ (ဇွန်းဝက်)
  • ပျားရည် (၁) ဇွန်း

Source: Home Of Healthy

လိုအပ်တဲ့ ပစ္စည်းတွေအားလုံးရပြီဆိုရင်တော့ ပထမအဆင့်အနေနဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ပန်းကန်လုံးလေးထဲထည့်ပြီး ရောမွှေလိုက်ပါ။ Mask ကို မျက်နှာမှာမလိမ်းခင် ချွေးပေါက်တွေဖွင့်ပေးနိုင်ဖို့ ရေနွေးပူပူစိမ်ထားတဲ့ ပဝါလေးနဲ့ သင့်မျက်နှာကို (၂-၃) မိနစ်လောက်ပွတ်ပေးပါ။

ပြီးရင်တော့ ခုနကရောထားတဲ့ Mask လေးကို မျက်နှာပေါ် brush နဲ့လိမ်းပေးပါ။ (၁၀-၁၅) မိနစ်လောက်ထားပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးချလို့ရပါပြီ။ နောက်ဆုံးအနေနဲ့ မျက်နှာသစ်ပြီးတဲ့အခါ Serum (သို့) Moisturizer တစ်ခုခုလိမ်းပေးဖို့ မမေ့ပါနဲ့။

ဒီ Mask ဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် တစ်ပတ် (၂) ကြိမ်လောက်တော့ ပြုလုပ်ပေးဖို့လိုပါမယ်။

Source: YouTube