တကယ်ပဲသင်က မိန်းကလေးဆန်ဆန်လှပချင်နေတယ်ဆိုရင်တော့ မဖြစ်မနေလိုက်နာရမယ့်အချက်လေးတွေ ရှိပါတယ်။ ဘယ်အမျိုးသမီးကမှ မွေးကတည်းက ငါဟဲ့ … မိန်းကလေးဆန်ဆန် လှစေ၊ သိမ်မွေ့စေဆိုပြီး မွေးလာတာမဟုတ်ပါဘူး။ ဆိုတော့ ဒီနေရာမှာ ဘယ်သူမှမမှားပါဘူး။

ကျွန်မတို့အားလုံးမှာ မတူညီတဲ့အလှတရားတွေ ကိုယ်စီရှိနေပြီး အဲဒီထဲကမှတချို့မိန်းကလေးတွေကတော့ ရှိရင်းစွဲထက်ပိုလို့ မိန်းကလေးဆန်ဆန် စွဲမက်စရာကောင်းချင်နေကြတတ်ပါတယ်။

သင်ကသူတို့ထဲကတစ်ယောက်ဆိုရင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ မိန်းကလေးဆန်ဆန်လှပနိုင်မလဲဆိုတာ လေ့လာကြည့်လိုက်ကြရအောင်ပါ။

၁။ မိမိကိုယ်ကို လက်ခံပါ။

Source: Medium

တချို့တလေကတော့ မိန်းမဆန်တာက ရှေ့ရိုးစွဲပြီး ပျင်းစရာကောင်းတယ်လို့ ထင်ကြပါတယ်။ တချို့တွေကတော့ ဒါဟာစွဲမက်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းတယ်လို့ ထင်ကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သင်ကမိတ်ကပ်ကြိုက်ပြီး ပန်းတွေကိုလည်း ချစ်တတ်ပြီး တလတ်လတ်တောက်နေတဲ့ ဖက်ရှင်ပစ္စည်းတွေနဲ့ လက်ဝတ်ရတနာတွေကို ခုံမင်တတ်သူဆိုရင်တော့ ဝတ်ဆင်ပါ။ ရှိုးထုတ်ပါ။ အဲလိုမှမဟုတ်ဘဲ ဘာအလှပြင်ပစ္စည်းကိုမှ စိတ်မဝင်စား၊ နာရီတစ်လုံးလောက်၊ ရှူးတစ်ရံလောက်နဲ့ အရမ်းယုံကြည်ချက်တွေရှိနေပြီလို့ ခံစားရရင်လည်း အဲအတိုင်းပဲနေပါ။ ဘာကိုမှ ပြောင်းလဲပစ်ဖို့ မကြိုးစားပါနဲ့။ ထပ်ပြောပါမယ်။ မိမိကိုယ်ကို လက်ခံပါ။

မိန်းကလေးဆန်တယ်ဆိုတိုင်းလည်း ပန်းရောင်အင်္ကျီတွေ၊ ဂါဝန်တွေ၊ (၆) လက်မလောက်ရှိတဲ့ ပန်းရောင်ဒေါက်ဖိနပ်တွေကို (၂၄) နာရီနဲ့ (၇) ရက်လုံးဝတ်ထားရမယ်လို့ မဆိုလိုပါဘူး။ ဖက်ရှင်အမြင်ရှိရင်ရှိသလို ကွန့်ပေးလို့ရပါတယ်။ ကဲ .. စလိုက်ကြရအောင်။

၂။ ခေတ်ရေစီးကြောင်းနဲ့ မကင်းကွာပါစေနဲ့

Source: liveabout.com

နာမည်ကြီး ဒီဇိုင်းနာရဲ့ဒီဇိုင်းတွေကိုပဲဝတ်၊ ဖက်ရှင်ရှိုးပွဲတွေကို အမြဲမပြတ်သွား၊ အဲဒီလိုလုပ်နေရမယ်လို့ မဆိုလိုပါဘူး။ ဖက်ရှင်မဂ္ဂဇင်းတွေ၊ ဖက်ရှင် blogger တွေနဲ့ အင်စတာဂရမ်၊ တွစ်တာတို့လို့ ဆိုရှယ်မီဒီယာတွေကနေ လေ့လာရုံနဲ့လုံလောက်ပါတယ်။ ဖက်ရှင်လျှောက်လမ်းပေါ်က မော်ဒယ်လ်တွေလိုတော့ လိုက်ဝတ်စရာမလိုဘူးပေါ့။ သူတို့ကိုကြည့်ရုံနဲ့ အိုင်ဒီယာကောင်းတွေတော့ ရလာနိုင်ပါတယ်။

၃။ လက်ဝတ်ရတနာ

Source: Lionesse Flat Iron

ဒေါက်ဖိနပ်၊ ဦးထုပ်၊ ပိုက်ဆံအိတ်သေး၊ ကလစ်၊ နားဆွဲ၊ လက်ကောက်၊ ဆွဲကြိုး အကုန်ရှိဖို့လိုပါတယ်။ ဒီတိုင်းဘာလက်ဝတ်ရတနာမှ မပါတာထက် လက်ဝတ်ရတနာလေးတွေဝတ်ထားတာက မိန်းကလေးပိုဆန်တဲ့ါသွင်ကို ဆောင်စေပါတယ်။

၎။ မိတ်ကပ်နဲ့ ဆံပင်ပုံစံ

Source: idroidwar.com

မိန်းကလေးဆန်ချင်တယ်ဆိုရင်တော့ တစ်ပုံစံထဲသွားနေလို့ မရပါဘူး။ ဒီလောက် အလှပဂေးလေးတွေ ပေါများနေတဲ့ခေတ်ထဲရောက်နေတာဆိုတော့ကာ ဟိုဆံပင်ပုံစံလေးပြောင်းကြည့်၊ ဒီဆံပင်ကာလာလေးဆိုးကြည့် လုပ်နေရမှာပါပဲ။ မိတ်ကပ်ဆိုလည်း အမျိုးမျိုးပြောင်းပြင်ကြည့်နေဖို့လိုပါတယ်။ ဒါမှအသွင်ဆန်းပြီး အမြဲစွဲမက်ဖို့ကောင်းနေမှာလေ။

၅။ ကိုယ်သင်းနံ့လေးလည်း ရှိဖို့လိုပါတယ်

Source: lionesse.net

အင်း … မိန်းကလေးဆန်ချင်တာ မဟုတ်လား။ ပန်းနံ့လို၊ အသီးနံ့လို၊ ချိုချဉ်နံ့လို၊ ဂျယ်လီနံ့လိုမျိုး ရေမွှေးတွေကိုရွေးချယ်ပါ။ ဖြတ်သွားတိုင်း ဖြတ်သွားတိုင်း အနံ့စွဲနေဖို့လည်း လိုပါတယ်။ အနံ့ရလိုက်တာနဲ့ကို ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယောက်ဆိုပြီး ပုံဖော်လို့ရနေတာမျိုးဖြစ်ဖို့လိုပါမယ်။ ရေမွှေးကို လက်ကောက်ဝတ်၊ လည်ပင်းနဲ့ နားရွက်နောက်ဘက်တွေကို ဦးစားပေးဆွတ်ပါ။

၆။ မိန်းကလေးလို တွေးပါ

Source: totalorthodontics.co.uk

မိန်းကလေးဆန်ချင်တယ်ဆို မိန်းကလေးဆန်တတ်ဖို့လိုပါတယ်။ ပြောပြမယ်နော်။ မိန်းကလေးဆန်တဲ့သူတွေက ပိုလို့ ပွင့်လင်း ပါတယ်။ ရယ်တယ်။ ပြုံးတယ်။ စကားများတယ်။ မြင်ဖူးမှာပါ။ ပခုံးပေါ်ကဆံပင်ကို လက်နဲ့ရစ်နေတတ်ပြီး ခါင်းစောင်းစကားပြော တတ်တဲ့ မိန်းကလေးကိုပေါ့။ အရှိအတိုင်းနေပါ။ စိတ်ထဲကမိန်းကလေးဆန်ချင်တယ်ဆို ဆန်ပစ်လိုက်ပါ။ ကို့ရို့ကားယားဖြစ်မှာ စိုးရင်တော့ မစတင်ခင်မှာမိန်းကလေးတွေအတွက် ရည်ညွှန်းပြီးရေးထားတဲ့ ဆောင်းပါးမျိုးတွေကို ဖတ်ထားပေါ့။ အလုပ်ဖြစ်လောက်ပါတယ်။

၇။ ယုံကြည်ချက်ရှိပါ

Source: LovePanky

ယုံကြည်ချက်ရှိစေချင်တာနော်။ သွေးကြီးဖို့ ပြောတာမဟုတ်ဘူး။ ဖော်ရွေတတ်ရမယ်။ ဖေးဖေးမမရှိရမယ်။ မိမိကိုယ်ကို မိခင်စိတ်ထားပြီး အမြဲတောက်ပနေတယ်လို့ တွေးထားပါ။

၈။ အပြုအမူတွေကို ဂရုစိုက်ပါ

Source: Shutterstock

ယဉ်ကျေးပျူငှာမှုရှိပြီး သိမ်မွေ့ဖို့လိုပါတယ်။ တစ်ဆိတ်လောက်တို့၊ ကျေးဇူးတင်ပါတယ်တို့ကို မျက်လုံးချင်းဆုံပြီးပြောပေးပါ။ ကိုယ့်ချစ်သူကို တံခါးဖွင့်ခိုင်းတာမျိုးတွေ၊ ပိုက်ဆံအိတ်ကိုင်ခိုင်းတာမျိုးတွေလည်း ပါပါတယ်။ ချွဲချွဲနွဲ့နွဲ့နဲ့ မိန်းကလေးဆန်ချင် သူဆိုရင်တော့ ပေးလုပ်လိုက်ပေါ့။ အမှီအခိုကင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်တာနဲ့ အကြင်နာ၊ အယုယမခံရတော့ဘူးလို့ မဆိုလိုပါဘူး။

Featured Image Source: SoulACTION