သမီးရည်းစား Relationship တစ်ခုမှာ နှစ်ကြာတာနဲ့အမျှ သံယောဇဉ်ပိုမိုခိုင်မြဲလာတဲ့စုံတွဲတွေရှိသလို တစ်ယောက်အကြောင်းတစ်ယောက် အကြာကြီးသိလာပြီး စိတ်ပျက်သွားကြတဲ့စုံတွဲတွေလည်း ရှိပါတယ်။ မည်သို့ဆိုစေကာမူ နှစ်နှစ်သုံးနှစ်ထက် ကြာကြာတွဲမိသွားပြီဆိုတာနဲ့ အတည်စဉ်စားဖို့လို့လာပါပြီ။ ချစ်ကြလို့လဲ အကြာကြီးသည်းခံပြီး တွဲလာကြတာဆိုတော့ Relationship ရဲ့နောက်တစ်ဆင့်ကို တိုးသင့်ပါတယ်။ အဲ့တစ်ဆင့်က ဘာလဲဆိုတော့ Promise Ring ပါ။


Beyonce သီချင်းစာသားထဲက “ If you liked it, then you should have put a ring on it” ဆိုတဲ့အတိုင်း ချစ်တယ်ဆိုတဲ့အဓိပ္ပာယ် ပိုမိုနက်ရှိုင်းလာအောင်နဲ့ တသက်လုံးအနားမှာရှိပေးပါမယ်ဆိုတဲ့ ကတိကိုပေးတဲ့အနေနဲ့ Promise Ring ကိုပေးကြတာပဲဖြစ်ပါတယ်။ Promise Ring ဟာ Engagement Ring လောက်တန်ဖိုးကြီးစရာမလိုပါဘူး။ နှစ်ယောက်စလုံးအတွက် အမှတ်ရဖြစ်စေမယ့် သင်္ကေတတစ်ခု လက်စွပ်မှာပါရင် ပြီးတာပါပဲ။

ဒီနိုင်ငံမှာတော့ လက်လှမ်းမိသလောက်သိရတာက ယောကျ်ားလေးတွေဟာ Promise Ring တွေမပေးတတ်ကြပါဘူး။ အနောက်တိုင်းနိုင်ငံတွေမှာ တော့ ဒီအလေ့အထကခေတ်စားပါတယ်။ Promise Ring ပေးတဲ့အခါမှာ ခံယူချက်အမျိုးမျိုးတော့ကွဲပြားကြပါတယ်။ တကယ်တော့ ကိုယ် ယူမယ်လို့ ဆုံးဖြတ်တဲ့ မိန်းကလေးကိုပဲပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ Relationship တစ်ခါပြောင်းတိုင်းပေးမယ်ဆို အနှစ်သာရလည်းမှေးမှိန်သွားနိုင်ပါတယ်။ ကဲ Promise Ring ကို ယောကျ်ားလေးတွေဘက်က ဘယ်လိုခံယူချက်နဲ့ပေးကြလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

တစ်ချို့ကောင်လေးတွေက ချစ်ကြောင်းသက်သေပြဖို့ပေးကြတယ်။ သူဒီ Relationship မှာ Commitment လုပ်ပါတယ်ပေါ့ဆိုပြီး ခံယူချက်နဲ့ ပေးပါတယ်။

တစ်ချို့ကတော့ Pre-Engagement အနေနဲ့ပေးတယ် နှစ်ဘက်မိဘနဲ့ စေ့စပ်ပွဲမလုပ်ခင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပေးကြတယ်။

တစ်ချို့က Living Together နေကြပေမယ့် Traditional Marriage ကို မလုပ်ချင်ပေမယ့် သစ္စာရှိကြောင်းပြချင်လို့ ပေးကြပါတယ်။
ပျိုမေတို့လည်း Relationship ရှိတယ်ဆို ကွီးတို့ကို Mention ခေါ်ပြီးဖတ်ခိုင်းလိုက်နော်။

Source: AllWomenStalk