အားလုံးပဲမင်္ဂလာပါနော်။ ကိုယ်ဝန်ဆောင်တဲ့ကာလဟာ မိန်းကလေးတစ်ယောက်အတွ် ရင်ခုန်ကြည်နူးရဆုံးအခိုက်အတန့်ပါပဲ။ ၉ လဆိုတာ တကယ်တော့ သားသား၊ မီးမီးရလာရင် ခဏလေးနဲ့ ကုန်ဆုံးသွားတာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ချမ်းသာအောင်နေဖို့၊ ပျော်နေဖို့လိုပါတယ်။

ခင်ပွန်းအနေနဲ့လည်း ကိုယ့်ချစ်ဇနီးကို အမြဲ ပျော်ရွှင်အောင် ထားပေးသင့်ပါတယ်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြည်နူးစရာ အခိုက်အတန့်တွေ အများကြီးရှိပါတယ်။ ဒီလိုအခိုက်အတန့်လေးတွေကိုစုပြီး ရုပ်ရှင်ရိုက်မယ်ဆိုရင် တကယ်ကို ရသမြောက်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ အမျိုးသမီးတို့ ကြုံတွေ့ရလေ့ရှိတဲ့ အခိုက်အတန့်လေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ မိခင်ဖြစ်ဖို့ ပြင်ဆင်ရတာ တကယ်ကြီး အလုပ်များတာပါ

၂။ ကိုယ့်ခင်ပွန်းလည်းအငြိမ်မနေရပါဘူး စားချင်တာဝယ်ပေးရတယ်လေ

၃။ ပိုပြီးစားနိုင်လာတယ်လေ (၂ယောက်စာ)

၎။ တခါတလေ စိတ်အခန့်မသင့်တာလေးတွေဖြစ်တတ်တယ်

၅။ စိတ်အလိုမကျတာလေးတွေလည်းရှိတယ်

၆။ နေ့ရက်တိုင်း အမြဲတမ်း စိန်ခေါ်မှုအသစ်တွေပဲ

၇။ အမျိုးသားရဲ့ အဝတ်စား ပွပွကို ဝတ်လိုက်မှ သက်သောင့်သက်သာဖြစ်တာမျိုး

ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးရဲ့ ဘဝကို ပုံဖော်ထားတဲ့ ရုပ်ပုံလေးတွေ

၈။ စိတ်ခံစားလွယ်ပြီး စိတ်အပြောင်းအလဲလည်းမြန်တတ်တယ်

၉။ ကလေးက ကန်တဲ့အခါ ရင်ခုန်ထိတ်လန့်တတ်တယ်

၁၀။ ဘယ်လိုစိမ်ခေါ်မှုတွေပဲရှိရှိ နောက်ဆုံးတော့ ရင်သွေးလေးမြင်ရရင် စိတ်ချမ်းသာသွားတာမျိုး

Source: www.brightside.me

By: MyStyle Myanmar