ဘယ်လိုကိုယ်ရေကိုယ်သွေးမျိုးရှိရင်ဖြင့် သင့်ဘဝလက်တွဲဖော်ကိုတွေ့ပါပြီဆိုတဲ့ဆောင်းပါးမျိုး ထောင်၊ သောင်းမက ကျွန်မတို့ဖက်ဖူးခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုအရာမျိုးကို မတောင်းဆိုတတ်တဲ့ယောကျာ်းမျိုးကရော ကျွန်မတို့လက်တွဲဖော်ဖြစ်နိုင်မလဲဆိုတာမျိုးကိုတော့ မတွေ့ဖူးသေးပါဘူး။ မတောင်းဆိုတတ်တဲ့ယောကျာ်းမျိုးပေါ့။

၁။ သင်မတတ်နိုင်တာကို မတောင်းဆိုဘူး

Source: purposefilledmommywithminimarie.com

ချစ်လာပြီဆို သင်ဘယ်လိုအနေအထားဖြစ်ဖြစ် ချစ်တာပါပဲ။ ဒါကို မင်းရယ်ရင်မလှဘူး။ မရယ်နဲ့။ သီချင်းမဆိုပါနဲ့။ ဟိုဟာမလုပ်နဲ့။ ဒီဟာမလုပ်နဲ့စသဖြင့် သင့်အပြုအမူတွေအားလုံးကို လိုက်ပိတ်ပင်နေတဲ့သူက သင့်မူလပုံစံကိုလက်မခံနိုင်ဘဲ သင့်ကိုတကယ်မချစ်တဲ့သူပါပဲ။ ဘယ်မိန်းကလေးနဲ့မှလည်း နှိုင်းစရာမလိုသလို သူ့အတွက်သင်ဆိုတာ ပြည့်စုံပြီးသားဖြစ်နေရပါမယ်။

၂။ နောက်တစ်ခေါက်ထပ်မမှားဘူး

Source: faithstrongtoday.com

ကိုယ့်ကိုချစ်တဲ့သူက ကိုယ်နာကျင်ရအောင် ဘယ်တော့မှမလုပ်ပါဘူး။ သူ့အမှားကြောင့် ကိုယ်တစ်ခါနာကျင်လိုက်ရတယ်ဆိုရင် နောက်တစ်ခေါက်မဖြစ်အောင် သတိထားမှာပါပဲ။ ထပ်ခါတလဲလဲမှားနေတာက သင့်ခံစားချက်တွေကို ဂရုမစိုက်တာပါပဲ။

၃။ သူ့ကိုဦးစားပေးဖို့ မတောင်းဆိုဘူး

Source: Hay Festival

သူဟာ သင့်ဘဝရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘဝတစ်ခုလုံးပုံအောထားဖို့ တောင်းဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ သူ့ကိုနံပါတ်တစ်ထားဖို့အတွက် သင့်အလုပ်အကိုင်၊ သင့်ရည်မှန်းချက်နဲ့ သင့်ဝါသနာတွေကို စွန့်လွှတ်ခိုင်းတဲ့ယောကျာ်းမျိုးက သင့်ကိုတကယ်ချစ်တဲ့ယောကျာ်းမျိုး မဟုတ်ပါဘူး။ သူအတ္တကိုချစ်တဲ့ယောကျာ်းပါ။
၎။ အမြဲတမ်းပျော်နေရမယ်

Source: Bustle

လူဆိုတာ အမြဲတမ်းဘယ်လိုမှ မပျော်နိုင်ပါဘူး။ သင့်မှာလည်း သင့်အခက်အခဲနဲ့သင်ရှိတာပါပဲ။ ဒါကိုမှ ကူပြီးမဖြေရှင်းပေး၊ ဝိုင်းဝန်းအကြံဉာဏ်မထုတ်ပေးဘဲ ပြဿနာကိုနောက်ထား။ ငါ့နဲ့တွေ့ရင် အမြဲပျော်နေရမယ်။ မပျော်ရင် မင်းနဲ့တွဲရတာအဆင်မပြေဘူးစသဖြင့် သူနားလည်မှုမရှိတာကိုပဲ ကိုယ်ကပြဿနာမကြီးလိုမျိုး သိမ်ငယ်အောင်လုပ်လိုက်တာမျိုးက မဖြစ်သင့်ပါဘူး။

၅။ အိမ်မက်တွေကို မေ့ပစ်လိုက်ဖို့ပြောမယ်

Source: LovePanky

လူတိုင်းမှာ ကိုယ်ပိုင်အိမ်မက်တွေရှိကြပါတယ်။ ဖြစ်မြောက်လာတာ မဖြစ်မြောက်လာတာက ကိုယ့်ရဲ့ပါရမီနဲ့ ကံစီမံရာအတိုင်းပါပဲ။ ဒါကိုမှ မင်းအိမ်မက်တွေက ဖြစ်လာမှာမဟုတ်ဘူး။ မေ့ပစ်လိုက်တော့စသဖြင့် အားမပေးဘဲ၊ အထောက်အပံ့မပေးဘဲ ယုံကြည်ချက်တွေပျောက်ဆုံသွားအောင် တွန်းအားပေးနေတဲ့သူက သင့်ကိုတကယ်မချစ်တဲ့သူပါပဲ။

Featured image source: Random Republika